နောက်တစ်ချိန် ပြန်နိုးထလာသည့်အခါကျတော့ ကျနော်သည် စောနက ကုတင်ပေါ်မှာမဟုတ်တော့..။ ဧည့်ခန်းဟုထင်ရသော အခန်းတစ်တွင်ရှိနေခဲ့သည်။
ကျနော်လှဲနေသည့်နေရာကို ကြည့်လိုက်သောအခါ အနည်းငယ်ဟောင်းနေပြီဟုထင်ရသော်လည်း ထည်ဝါဆဲဖြစ်သော နီညိုရောင်ဆိုဖာကျယ်ကြီး တစ်ခုပေါ်မှာ။ အပေါ်မျက်နှာကျက်ကို ကြည့်လိုက်သော အခါတွင်လည်း အလွန်ကြီးမားလှသော ရွှေရောင်မီးဆိုင်းကြီးနဲ့။ နံရံတို့ပေါ်တွင်လည်း စောနကကဲ့သို့ လက်ရာမြောက် အနုစိတ်လှသော ပန်းချီကားမြောက်များစွာ။ တစ်ခုဘဲ။ ထိုအရာတွေအားလုံးကို သွေးဖြင့်ပင် ရေးဆွဲထားခြင်း။
ကျနော်လက်တို့ကို လှုပ်လိုက်သောအခါတွင်တော့ ငွေရောင်အကွင်းလေးက ကျနော့်လက်သွယ်သွယ်ထက်မှာ လှပစွာ နေရာယူလို့...။ ထိုအတူခြေထောက်တို့မှာ ချည်ထားသော သံကြိုး။ ထိုအနှီး လူသားသည် ကျနော်ထွက်ပြေးမှာစိုးသည့် အလား။
~ဟင်း....~
သက်ပြင်းငွေ့တို့ကိုသာ ခပ်သာသာချလိုက်တော့သည်။ ဘာကြောင့်လဲ။ သူကျမှဘာလို့ ဒီလိုတေ လာဖြစ်နေတာလဲ။ car accident လည်းဖြစ်ရသည်။ နိုးလာတော့လည်း ဆေးရုံထက် ပိုခြောက်ဖွယ်ကောင်းသော အိမ်ကြီးတစ်အိမ်ထဲသို့ လူတစ်ယောက်၏ ခေါ်ဆောင်လာခြင်းကို ခံလာရသည်။ နိုးထလာသည့်အခါ ကျတော့လည်း သာမန်ထက်ထူးခြားသော ပန်းချီကားတို့နှင့်အတူ Park ChanYeol ဟုခေါ်သော လူတစ်ယောက်...။
~ နေပါဦး...သူအခုဘယ်မှာလဲ။~
သူမရှိတဲ့ ခုလိုအချိန်မျိုးမှာ ထွက်ပြေးရမလား။ ဟင့်အင်း။ မဖြစ်သေး။ ဒီလောက်ကြီးမားလှတဲ့ အိမ်ကြီးထဲကနေ ဘယ်နေရာသို့ ထွက်ပြေးရမလဲ။ ထို့အတူ လက်ကောခြေထောက်ကောကက် ဟာတေကလည်း အလွန်တရာ စိတ်ရှုပ်ဖွယ်။
"အော်...နိုးလာပြီဘဲ..babe က.. "
Baekhyun တျောက် ကြက်သီးမွှေးညှင်းတို့ ထသွားရသည်။ ChanYeol ဆိုသော ထိုသူသည် မျက်နှာတွင်လည်း အပြုံးတစ်ခုကို ဆင်လျက် ကျနော့်ဘေးနားသို့ လာထိုင်ပြီး ဆံပင်တို့ကို သာသာလေးလာဖွ၍ ကျနော်လန့်ပြီး အနောက်သို့မသိမသာဆုတ်လိုက်သည်။ ထိုခါက သူက " ဟက် "ဟု ခပ်ဖွဖွရယ်ပြီး လက်တို့ကိုပြန်သိမ်းလိုက်သည်။
YOU ARE READING
သွေးစွန်းနေသော ပန်ချီးကား
Fanfictionသွေးဆိုသည်ကား လူသားတို့အတွက်.... ကြောက်ရွံ့မှု၊ထိန့်လန့်မှု၊ ရွံရှာမှု၊စက်ဆုပ်မှု တို့ကို ပေးစွမ်းနိုင်သည့်အရာ..။ သို့သော် ကျွန်တော့်အတွက်တော့ သွေးဆိုသည့်အရာကား...တစ်ခါတစ်ရံ စိတ်ကျေနပ်မှုကို ပေးစွမ်းသကဲ့သို့ တစ်ခါတစ်ရံမှာတော့ ဝမ်းနည်းမှုကို ပေးစွမ်းနိုင်သ...