"ဒဏ်....ဒဏ်ရာကိုဆေးမထည့်ဘူးလား..."
"Humm..."
ကျနော်ကသာ သွေးတွေအလွန်အကျွံထွက်နေသော သူ့လက်ကောက်ဝတ်ကို ဆေးသေချာထည့်၍ စည်းရန်လှုံဆော်ခြင်း...သူကတော့ ဘာကိုပင်ဆိုလိုနေမှန်းမသိသည့်ပုံ..အေးအေးလူလူဖြင့် ဒဏ်ရာကိုလက်တစ်ဖက်တည်းဖြင့် အဝတ်စဖြင့်စည်းနှောင်နေသည်...။
ကျစ်...ပေါ့လိုက်တာ...။
ဒီလိုနဲ့ ဒဏ်ရာမကျက်ရင် ဘယ်လိုလုပ်မလဲ..။ အနာရင်းက ညရောက်လေ ပိုပိုကိုက်လာမှာ...အင်း..အခုတောင် ဒီအိမ်ကြီးထဲမှာ ည မနက်မသိ...စည်းနေသည်မှာလည်း လက်တစ်ဖက်တည်းမို့လို့ပုံပန်းကျဖို့ နေနေသာသာ တော်တော်ပင် ခက်ခက်လုပ်ယူနေရသည်...။
ကြည့်နေရသော ဘေးလူကဘဲ မနေနိုင်လို့ သူ့အနားတိုးကပ်မည်ပြုလိုက်ပါသည်...သို့သော် ကုတင်တိုင်ဖြင့်ချည်ထားသော ခြေထောက်သံကြိုးတို့ကြောင့်ထ၍မရ...၊
"ကျစ်.."
"Baby...ဘာလိုလို့လဲ..ကိုယ်ဘာယူပေးရမလဲ..."
လက်ကစည်းမပီးသေးတဲ့ အဝတ်စကိုချကာ ကျနော့်ဆီလာမည်ပြုနေသောသူ့ကြောင့် အမြန်တားလိုက်ရသည်...။
"တစ်ချက်..!
တစ်ချက်လောက် အဟမ်း.. ရေနွေးပူပူလေးရယ်..ပတ်တီးစရှိရင် ပတ်တီးမရှိရင်..အဝတ်စအသန့်..ပြီးတော့ ဆေးယူလာပေးပါ..""ဟမ်...Baby...ဘယ်..ဘယ်လို.."
သူဒါလေးတောင်းလိုက်တာကို ChanYeol ကအဲ့လောက်အထိ အံသြစရာလိုနေလို့လား...သူမေးတာကိုလည်း Baekhyun ဆက်မဖြေနိုင်တော့..သောနက တောင်းဆိုလိုက်သည်ကို ကိုယ့်ဟာကို မျက်နှာပူနေမိ၍ တခြားတစ်ဖက်သို့လှည့်ထားမိလိုက်သည်..သို့သော် အတွေးမပေါက်သော ထိုလူကြီးကြောင့်လည်း ရိုက်ထုမိချင်သည်အထိ..
" Babe..ဘယ်နားထိလို့လဲ..ကိုယ့်ကို ပြလေ...ဒဏ်ရာတော်တော်နက်လား..ဘယ်လိုဖြစ်တာလဲ..ကိုယ်လိမ်းပေးမယ်...!"
"ကျစ်...ကျနော်အကောင်းကြီးဘဲ... ခများ!! ခများလက်ကအနာ....န...နမော်နမဲ့ နဲ့ သေ..သေချာမလုပ်လုပ်လို့."
"...."
"Ahh....Ba..babe ကကိုယ့်ကို စိတ်ပူပေးနေတာဘဲ..ဟဟ...ရပါတယ်...ဒီဒဏ်ရာလောက်ကတော့..."
YOU ARE READING
သွေးစွန်းနေသော ပန်ချီးကား
Fanfictionသွေးဆိုသည်ကား လူသားတို့အတွက်.... ကြောက်ရွံ့မှု၊ထိန့်လန့်မှု၊ ရွံရှာမှု၊စက်ဆုပ်မှု တို့ကို ပေးစွမ်းနိုင်သည့်အရာ..။ သို့သော် ကျွန်တော့်အတွက်တော့ သွေးဆိုသည့်အရာကား...တစ်ခါတစ်ရံ စိတ်ကျေနပ်မှုကို ပေးစွမ်းသကဲ့သို့ တစ်ခါတစ်ရံမှာတော့ ဝမ်းနည်းမှုကို ပေးစွမ်းနိုင်သ...