"ခင်..ခင်ဗျား ဘယ်သူလဲ..~"
တတ်နိုင်သမျှ အရဲစွန့်ကာ မေးလိုက်ပါသော်လည်း အဖျားသတ်တွင် တုန်ခါသွားသော မိမိအသံကို မကျေမနပ် ဖြစ်မိသည်။ သူစိမ်းရှေ့မှာ မိမိ၏ ကြောက်ရွံ့နေသည့်ပုံ မပြချင်။ သို့သော်လည်း သူသည် ကျနော်ကြောက်နေပြီ ဖြစ်ကြောင်းကို သိသည့်အလား အနားသို့ ပို၍ပင် တိုးကပ်လာသောအခါ ကျနော့်စိတ်တို့ ဆောက်တည်မရ။ ရုန်းနေသော်လည်း အချည်းအနှီးသာဖြစ်နေတာအခါ သူသည် ပို၍ဂရုမစိုက်စွာပင် အနားသို့ပို၍ တိုးကပ်လာလေသည်။
မကြာပါ။ သူသည် ကျနော့်အနားတို့ရောက်လာပြီလက်ကို ဆွဲကိုင်လိုက်သောအခါ စောနက ကျနော်ရုန်းထားသော ဒဏ်ကြောင့် နာကျင်မိ၏။
"အ~"
"ကျွတ်..ကျွတ်..သွေးတွေ တော်တော်ထွက်နေတာဘဲ။ မနာဘူးလား..??"
သူ့ပုံစံက ကျွန်တော့်အား ကရုဏှာသက်သည့် ပုံစံဖြစ်နေသော်လည်း သူ့မျက်ဝန်းတို့မှာတော့ ကျေနပ်မှု ဆာလောင်မှု မွတ်သိပ်မှု လိုချင်တပ်မက်မှု ပုံရိပ်များ။
ကျွန်တော်သည် ပန်းချီ အနုပညာကျောင်းသားဖြစ်သည့်အလျောက် လူတို့ပုံအားဆွဲရာတွင် ထိုသူတို့၏ စိတ်ခံစားချက် ပေါ်လွင်စေရန် သူတို့၏ မျက်လုံးတို့အား လေ့လာရသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်သည် ဘယ်လောက်ဘဲ ပျော်နေသည့်ပုံ ဖြစ်သော်လည်း ထိုသူ၏ မျက်ဝန်းတို့ကို သေချာကြည့်သောအခါ ဝမ်းနည်းရိပ် လွမ်းရိပ်တို့ ထင်ဟပ်နေလျှင် ထိုသူက အပြင်ပန်းအရ ပျော်နေသည့်ဟန်ဆောင်ခြင်း ဖြစ်ပြီး တကယ့်အစစ်ရင်ထဲတွင်တော့ ငိုကြွေးနေရခြင်းဖြစ်သည်။ စကားပုံတောင် ရှိသေးသည်ဘဲ။
'အငိုမျက်လုံး အပြုံးမျက်နှာ' ဆိုသည့်အတိုင်း ။အောင်မြင်ကျော်ကြား ပန်းချီဆရာဖြစ်ရန်အဖို့ လူတို့၏ စိတ်ခံစားချက်ကို သိစေရန် ထိုသူတို့၏ မျက်ဝန်းတို့ကို ဖတ်တတ်ရန် အထူးလိုအပ်သည်။ ထိုအလျောက် ကျနော်ကြိုးစားပမ်းစား လေ့လာခဲ့ရာ ယခုအခါတွင်လည်း ကျနော်သူ့၏ အတွင်းစိတ်ကိုသိနိုင်ရန် ထိုသူ၏မျက်လုံးတို့ကို ဖတ်ကြည့်နေမိသည်။
ထိုအခါသူက..
YOU ARE READING
သွေးစွန်းနေသော ပန်ချီးကား
Fanfictionသွေးဆိုသည်ကား လူသားတို့အတွက်.... ကြောက်ရွံ့မှု၊ထိန့်လန့်မှု၊ ရွံရှာမှု၊စက်ဆုပ်မှု တို့ကို ပေးစွမ်းနိုင်သည့်အရာ..။ သို့သော် ကျွန်တော့်အတွက်တော့ သွေးဆိုသည့်အရာကား...တစ်ခါတစ်ရံ စိတ်ကျေနပ်မှုကို ပေးစွမ်းသကဲ့သို့ တစ်ခါတစ်ရံမှာတော့ ဝမ်းနည်းမှုကို ပေးစွမ်းနိုင်သ...