အပိုင်း ၂

340 39 0
                                    

  "အ~~"

ဦးခေါင်းထက်မှ နာကျင်မှုနှင့်အတူ ကောင်လေးတစ်ယောက်

နိုးထလာခဲ့သည်။ မျက်လုံးတို့သည် ကော်ကပ်ထားသလိုမျိုး

ဖြစ်နေသော်လည်း အတင်းအားယူကာ ဖွင့်ကြည့်လိုက်လေ၏။

~အင်း...ငါအခုဘယ်ရောက်နေတာပါလိမ့်??~

မျက်လုံးဖွင့်လိုက်သည်နှင့် စိမ်းသက်နေသောပတ်ဝန်းကျင်နှင့်အတူ

ခြောက်ခြားဖွယ်မြင်ကွင်းတို့ကို မြင်တွေ့လိုက်ရသောအခါ

အဲ့အားသင့်မှုနှင့်အတူ ကြောက်စိတ်တို့ပါ လွှမ်းခြုံလာရ၏။

   "ဟင်....ဒါ...ဒါက...!!"

မျက်စိရှေ့တွင် မြင်တွေ့ရသောမြင်ကွင်းတို့သည် အံ့ဩထိတ်လန့်ဖွယ်။

တကယ့်ကို လက်ရာမြောက် အနုစိတ်လှသော ပန်းချီတို့သည်

ချီးကျူးဖွယ်လေးစားဖွယ်အတိဖြစ်သော်လည်း သုံးထားသော

အနီပုတ်ရောင်ဆေးရောင် သို့မဟုတ် သွေးရောင်ကဲ့သို့သော

ဆေးတို့သည် မြင်တွေ့ရသူအားကြက်သီးထဖွယ် ထိန့်လန့်ဖွယ်ရာ...

  ~ဝေါ့...~

 
မနှစ်မြို့ဖွယ် ရနံ့တို့က မိမိနှာခေါင်းဖျားထဲသို့

ဝင်ရောက်ကျီစယ်လာသည်နှင့်အမျှ ရင်ဘတ်ထဲမှ ပျို့တက်လာသော

အန်ချင်စိတ်တို့အားတား၍မရ...

 
~ဒါဆို သွေးရောင်ဆေးတွေမဟုတ်ဘူးဘဲ။တကယ့်သွေးတွေပေါ့..~

 
"Omma..~"

 
  လှိုက်တက်လာသော မျက်ရည်ကြည်တို့အတူ ကြောက်စိတ်တို့က  

ထိပ်ဆုံးမှာ။ မျက်စိရှေ့တွင် မြင်နေရသော ပန်းချီ.   

များ...သွေးများစီးကျနေသောရေတံခွန်ပုံ...သစ်ပင်

ကြီးများထက်မှ အနီရောင်သစ်ရွက်တို့က.             

သွေးချောင်းနှင့်အတူ

စီးဝင်မျှောပါသွားပုံ...အမျိုးသမီးငယ်တစ်ဦး၏

အိပ်စင်လှဲလျောင်းနေပုံ...စသည့်ပုံအားလုံးတို့သည်ေ

သွေးစွန်းနေသော ပန်ချီးကားWhere stories live. Discover now