ကျားကွက်သည်ဝုန်းခနဲရွေ့သွားကာအားလုံးဖရိုဖရဲမှောက်ကျကုန်၏။သိမ့်၏လက်တဖက်သည်မြေကြီးပေါ်သို့ဖောက်ထွက်သွားသည်။ခန္ဓာကိုယ်တွင်းသို့အင်အားတခုစီးဆင်းဝင်ရောက်လာသည်။အတင်းရုန်းထလိုက်သောအခါခပ်မွမွဖြစ်နေသောမြေကျင်းတိမ်တိမ်လေးထဲမှတဖြည်းဖြည်းကြွလာသည်။မြေစိုင်ခဲများဖွာခနဲဖြစ်ကာဘေးသို့ကျသွားပီးထိုင်လျက်အနေအထားသို့ သူရောက်သွားသည်။အသက်ကိုအငမ်းမရရှုရှိုက်လိုက်၏။နောက်ကျိရှုပ်ထွေးနေသောစိတ်များပြန်လည်ကြည်လင်လာသည်။အရာရာကိုပြတ်ပြတ်သားသားသညောပေါက်နားလည်လာသည်။သေတွင်းမှလက်မတင်လေးသူမလွတ်ခဲ့တာပါလား။သူ့တကိုယ်လုံးဖုန်အလိမ်းလိမ်းဖြစ်နေသည်။နည်းနည်းအနားယူပီးသောအခါပတ်ဝန်းကျင်က်ုသတိထားမိတော့သူထိတ်လန့်ချောက်ချားသွားသည်။မြေပုံများ အုတ်ဂူများနှင့် သချိုင်းအဟောင်းတခုထဲ သိမ့်ရောက်နေသည်ပါလား။ပတ်ဝန်းကျင်သည်အေးစက်တိတ်ဆိတ်နေ၏။တစ်ခါတစ်ရံအဝေးမှပျံ့လွင့်လာသောခွေးအူသံသဲ့သဲ့ကိုကြားရသည်။
သူသည် စိတ်ဓာတ်မာကြောသောမိနးမတစ်ယောက်သာမဟုတ်ရင်ယခုအနေအထားမျိုးကြုံတွေ့ရလျှင်ဘယ်နည်းနှင့်မဆိုရူးသွပ်သွားနိုင်သည်။ သို့သော်သူသည် အရာရာကိုအရှုံးမပေးတတ် သရဲတစ္ဆေ နာနာဘာဝဆိုသည်ကိုလည်း အယုံအကြည်ရှိတတ်သူ မဟုတ်ချေ။ ထို့ကြောင့်အားအင်များ ပြန်လည်ပြည့်ဖြိုးလာသည်နှင့်သချိုင်းအတွင်းမှ ထွက်လာခဲ့ကာ လမ်းမကြီးဆီသို့ လျှောက်လာခဲ့၏။ ဘာဆက်လုပ်ရမလဲ ဆိုတာ သူအပြင်းအထန်စဉ်းစားသည်။ အဓိကကတော့ မှောင်ကြီး မည်းကြီးမှာ တစ်ယောက်တည်းလျှောက်သွားနေ၍မဖြစ်။ အကူအညီရနိုင်မည့်နေရာတစ်ခုခုကို အမြန်ဆုံးရောက်အောင်သွားမှဖြစ်မည်။
ကားလမ်းမကြီးပေါ်သို့ သူရောက်လာ၏။ ကံအားလျော်စွာ ပုသိမ်ဘက်မှရန်ကုန်ဘက်သို့ မောင်းလာသောခရီးသည်တင် အဝေးပြေးကားကြီးတစ်စီးသည် သူ့ရှေ့မလှမ်းမကမ်းတွင် ရပ်သွားသည်။
"ကဲ ခရီးသည်များ ကျန်းမာရေး အပေါ့အပါး သွားရအောင် ကားခဏရပ်ပေးပါတယ်။"
JE LEEST
ဝိညာဉ်ကလဲ့စား
Horrorဖောက်ပြန်မှုဆိုတာ လူတယောက်ကိုသတ်နိုင်တဲ့အထိ တွန်းအားပေးနိုင်သလို အငြိုးဆိုတာလဲ သေပီးတာတောင် မပြေတဲ့အမုန်းကိုဖန်တီးပေးနိုင်တယ်။ ဝိညာဉ်ကလဲ့စား