ဝင်လာသည့်ဖုန်းနံပါတ်ကိုမြင်သည်နဲ့ ကျွန်တော်မျက်ခုံးယိုးဒယားကသည် ။ ရွံ့သော်လည်းမကိုင်၍မဖြစ်ပြန် ။ သူ့ဆန်စားရဲမှဟ ဟုအားတင်း. .။
'' hello. . ''
'' hello . .hello အတွင်းရေးမှူးလား အတွင်းရေးမှူး Oh. . ''
'' ဟုတ်ပါတယ် ခင်ဗျ Jiah မဟုတ်လား. .''
'' ဟုတ်တယ် ဒါနဲ့ အတွင်းရေးမှူး Oh ကိုပြောရဦးမယ်သိလား''
ဟုတ်ကဲ့ သိပါ၏ ။ မင်းမနိုင် ငါမနိုင် ဘယ်သူမှမနိုင်မသားလေးအကြောင်းတွေလာတော့မည်ဆိုတာသိပါ၏ ။
'' Luhan လေ Luhan ပေါ့. . .''
🌳🌳💜🌳🌳အခန်းထဲဝင်လာသည့်ကျွန်တော့်အရိပ်ကိုတွေ့မည်သေချာသော်ငြားသူသည် တမင်တကာပင်လှည့်မကြည့် ။
ကြည့်လက်စ Iron Man ရုပ်ရှင်ကားတွင်သာ အလွန်တရာအာရုံဝင်စားနေဟန် . . မျက်မှောင်ပင်ကျုံ့ထားသေးသည် ။
သက်ပြင်းတစ်ချက်နှင့် ချပေးသည့် ကားသော့နှင့်စားပွဲမှန် ထိခတ်သံကအတော်ကျယ်သွားပုံရတော့မှ . . သူ့မျက်ဝန်းများကျွန်တော့်ဆီရွေ့သည် ။ အကောင်းတော့မဟုတ် အနှောင့်အယှက်ဖြစ်ရန်ကောဟုအနက်ဖွင့်ရမည့် အကြည့်နှင့်. . ။
'' Han. . မင်း Jiah ဆိုတဲ့ကလေးမကို Date လုပ်မယ်ဆိုပြီးခေါ်သွားပြီးတော့ Shopping Mall ထဲမှာထားပစ်ခဲ့တယ်ဆို ''
ကျွန်တော့်စကားကိုကြားလျင် သူနှာခေါင်းအဖျားလုံးလေးကို ရှုံ့သည် ။မျက်မှောင်အလယ်ကိုလက်ညှိုးလေးနှင့်ကုတ်သည် ။
'' ကျွတ် အဲ့ဒါလည်းပြန်တိုင်တာပဲလားကွာ မြို့လယ်ကောင်ထားခဲ့တာကို တောချိုအုံကြားသွားပစ်ထားခဲ့တာလည်းမဟုတ်ဘူး ''
သူကပင်တပြန်စီး စိတ်ညစ်ညူးဟန်ပြရချေသေး ။ နှုတ်ခမ်းကလည်းခပ်ထော်ထော် ။
''ကောင်မလေးကို ပိုက်ဆံအိတ်တောင်မယူပဲလိုက်ခဲ့ခိုင်းပြီးတော့ မုန့်တွေတဝတပြဲစားသွားပြီး ပိုက်ဆံလည်းမရှင်းပေးပဲပျောက်သွားတာတဲ့ ကောင်မလေးက အရှက်တွေကွဲခဲ့တာဆိုပြီး ငိုလို့ han. .မင်းကွာ. .''
YOU ARE READING
Master key ( HH one shot collection )
Short Story( HH one shot collection ) အခြားသော OTP RL များထဲသို့မထည့်ပါရန်တောင်းဆိုပါသည်