''နိဒါန်း''
ဘေးနားကိုကျလာတဲ့ အရိပ်တစ်ခုနဲ့ သစ်သားခုံတန်းလေးရဲ့လှုပ်ရှားမှု ။ ဘေးမှာ တစ်ယောက်ယောက်ဝင်ထိုင်လိုက်တယ်ဆိုတာသိပေမယ့် sehun လှည့်မကြည့်ဖြစ် ။
ဆွဲလက်စ drawing ပုံတစ်ခုရဲ့ Top view ဟာဘယ်လိုပုံဖြစ်မယ်ဆိုတာကို အကြီးအကျယ်ရှုမြင်ခံစားနေရတာမို့ အခုချိန်ဘေးပတ်ဝန်းကျင်မှာ ဗုံးကွဲရင်တောင် အာရုံရနိုင်လိမ့်မှာမဟုတ် ။
Drawing ဆရာမက သဘောကောင်းပေမယ့် နည်းနည်းတော့အာကျယ်တယ်လေ ။ Drawing ပုံတွေအချိန်မှီမပေးနိုင်ရင် ဆူညံဗျစ်တောက်မြင်းအီးပေါက်သလို ( ကန်တော့ပါ ဆရာမရယ် ) lecture ပေးသံတွေ ညအိပ်ယာဝင် sweet dream song လိုသဘောထားပြီးနားဆင်ရမယ် ။ Oh Sehun ဆိုတဲ့ကိုယ်က နားပူတာလည်းမကြိုက် ကျောပူတာလည်းမခံနိုင်တဲ့လူဆိုတော့ကာ ။
ဆိုတော့ကာ. . . drawing စာရွက်ထဲလူပါနစ်ဝင်သွားမလို ဈာန်ဝင်စားနေတုန်း. .။
'' ဟို. .လေ. . ဒီမှာ. . ''
ဘေးနားက ဧည့်သည်တော်ရဲ့အသံ ။ ဒါလောက်နဲ့တော့ Sehun တို့မတုန်လှုပ် ။ ကြွေးရှင်နဲ့မျက်နှာချင်းဆိုင်တွေ့ရင်တောင် ကြောင်တောင်ကန်းသလိုမမြင်ဟန်ပြုနိုင်တဲ့အရည်အချင်းမျိုးနဲ့ပဲဟာ ။ မသိချင်ယောင်ဆောင် ဟိုဘက်နားကိုနည်းနည်းတိုး ။
'' ဒီမှာလို့. . ''
ဒါတော့နည်းနည်းများပြီ ။ ကိုယ်ထိလက်ရောက်ကျူးလွန်မှုပါပါလာတာလား ။ လက်မောင်းကိုတို့တို့တိတိလုပ်လာတဲ့လက်ညှိုးလေးတစ်ချောင်းကြောင့် စာရွက်ကနေမျက်လုံးခွာမကြည်ကြည့် နဲ့လှည့်ကြည့်ပေးရတယ်. . ။
တစ်စက္ကန့်. .
နှစ်စက္ကန့်. . .
သုံးစက္ကန့်. . .
သီချင်းတစ်ပုဒ်ကြားဖူးပါသလား ။
ကမ္ဘာလောကကြီးခဏရပ်တန့်သွားသလိုပဲ ဆိုတဲ့စာသား ။
တကယ်ပါ . . ကမ္ဘာကြီးလည်ပတ်မှုတင်မကဘူး . .အသက်ရှုတွေလည်းရပ်တယ် ။
ရင်ခုန်သံတွေလည်းရပ်တယ် ။
အဆုံးစွန် . . .
ဖြတ်သန်းတိုးဝှေ့နေတဲ့လေပြည်တွေတောင်ရပ်တန့်သွားခဲ့သလိုပါပဲလား ။
![](https://img.wattpad.com/cover/107426455-288-k389046.jpg)
YOU ARE READING
Master key ( HH one shot collection )
Short Story( HH one shot collection ) အခြားသော OTP RL များထဲသို့မထည့်ပါရန်တောင်းဆိုပါသည်