ဆုံစည်းခြင်းတစ်နေရာ

3.2K 355 19
                                    

မြင်ကွင်းတစ်ဆုံးသည် အပြာရောင်လွင်ပြင် ။ နက်ရှိုင်းသော အပြာကိုဖော်ဆောင်သည့် ပင်လယ်. . နှင့်. .
အပြစ်ကင်းသော အပြာကိုဆောင်သော. .ကောင်းကင်. . ။
မိုးကုပ်စက်ဝိုင်းတစ်နေရာတွင်ထိစပ်ပေါင်းဖက်ဟန် ထင်မြင်ရသည့်တိုင်. . အဆုံးမဲ့ဝေးကွာခြားနားသော အပြာရောင်နှစ်သွယ်သည် သူမြင်နိုင်သမျှ အရာရာပင်ဖြစ်ပါသည် ။

အောက်ပိုင်းဆီမှ ယားကျိကျိအထိအတွေ့ ။ သူငုံ့ကြည့်မိသည့်အခါ လမ်းမှားလာဟန်ဝင်ကစွပ်ကောင်ကလေးသည် အလန့်တကြားပင် သူ့ခြေခုံပေါ်မှဆင်းပြေးသွားလေ၏ ။

ခပ်မွမွဖြူ လွလွသဲပြင်တစ်လျောက် ကန့်လန့်ကန့်လန့်ဖြင့်ဘေးတိုက်ပြေးနေသော ဂဏန်းခေါ်ရမလားပုဇွန်လုံးခေါ်ရမလားမသဲကွဲသည့် အကောင်သေးသေးလေးတွေ ။

လှိုင်းအတက်နှင့်မျောလာကာ တင်ကျန်ရစ်ခဲ့သော ကြယ်ငါးနှင့်ရေခူတချို့က သဲပြင်ထက်တုံးလုံးပက်လက် ။

ကြယ်ငါးတစ်ကောင်ကို ခြေဖျားဖြင့်အသာထိုးကော်ကာ ပြေးတက်လာသည့် လှိုင်းခေါင်းဖြူ ပေါက်စတို့ထဲတွန်းပို့ပေးလိုက်ပြီး ။ ဘောင်းဘီအိတ်ထဲလက်နှစ်ဖက်ကိုထည့်ကာ အေးအေးလူလူပင် ဆက်လျောက်လာခဲ့မိသည် ။

ပတ်ပတ်လည်ရေဝိုင်းနေသည့် ကျောက်ဆောင်တစ်ခုဆီ ကုတ်ကုတ်ကတ်ကတ်တက်လာခဲ့ကာ ကျောက်ဆောင်စွန်းဖျားဆီခြေတွဲလျားချထိုင်မိသော အချိန်တွင် ကောင်းကင်က အပြာမှ လိမ္မော်ရင့် ပုဇွန်ဆီသွေးသို့ကူးပြောင်းနေပြီဖြစ်သည် ။

ပင်လယ်ထဲနစ်သွားသည့် လိမ္မော်သီးကြီးလို နေလုံးညိုညိုကိုထိုင်ငေးရင်းကပင် ပတ်ဝန်းကျင်ကပို၍အလင်းနည်းလာသည် ။

ဒီအချိန်ထိ သူပြန်မရောက်သေးလျင် သူ့မိဘတွေနှင့် သူငယ်ချင်းတစ်သိုက် တည်းခိုရာအိမ်တွင် ပျာယာခတ်နေကြတော့လေမည်ကိုတွေးမိသည့်တိုင် သူပြန်ချင်စိတ်မရှိသေးပါ ။

ပင်လယ်ကိုဖြတ်တိုက်လာသည့် ဆားငံငွေ့လေထုကိုရှိုက်ရင်း အိပ်တန်းပြန်ငှက်တို့ကို ရည်ရွယ်ချက်မရှိလိုက်ငေးကြည့်နေရသည်က . . ခဏတာပဲဖြစ်ဖြစ် စိတ်ပေါ့ပါးစေမိသလို . . ။

Master key ( HH one shot collection )Where stories live. Discover now