အလွမ်းတေးတစ်ပုဒ်(သို့မဟုတ်)ချယ်ရီ

111 18 0
                                    

'' နေရာအနှံ့စစ်ဆေးပြီးပါပြီ ဘယ်သူမှမရှိပါဘူး စစ်သူကြီး . .''

စစ်သည်ငယ်က မြင်းဘေးတွင်ရပ်၍ ဦးညွှတ်ကာ သတင်းပို့သည် ။သခင်လေး sehun သည်လည်းအံကြိတ်ကာ မိမိရှေ့မှလူသူကင်းမဲ့သော တဲအိမ်ငယ်ကုပ်ကုပ်ရုပ်ရုပ်ကလေးကိုကြည့်နေမိသည် ။

'' သုံးလက်စမီးဖိုနဲ့စားအိုးစားခွက်တွေတော့တွေ့ပါတယ်စစ်သူကြီး . . ကြည့်ရတာ သတင်းပေါက်ကြားလို့ ရှောင်ပြေးသွားတာဖြစ်ဖို့များမယ်ထင်ပါတယ်. . .''

တွေဝေစွာစဉ်းစားနေရာမှ သူခေါင်းကိုဖြည်းလေးစွာခါယမ်းမိသည် ။

'' ဟင့်အင်း မဖြစ်နိုင်ဘူး. . ငါကအမိန့်ရရခြင်းထွက်လာတာ ဘယ်လောက်ပဲသတင်းရလို့ ရှောင်ပြေးမယ်ဆိုရင်တောင် . . ဒီလောက်အချိန်အတွင်းအဝေးကြီးရောက်စရာမရှိဘူး. . ''

အတွေးထဲသို့တစုံတရာသောအသိဝင်ရောက်လာသဖြင့်sehun သခင်လေးရင်ထိတ်သွားသည် ။ ခေါင်းထဲတွင်မီးပွင့်သလိုဖြစ်သွားခဲ့ရပြီးလျင် . .။

'' လူတွေအကုန်ပြန်စု ခုချက်ချင်း အိမ်တော်ကိုပြန်မယ်. .''

ချက်ချင်းပင်မြင်းကိုလှည့်ကာ ဒုန်းစိုင်း၍ပြေးမိရတော့သည် ။မြင်းကိုဇာတ်ကုန်လွှတ်ကာလေအဟုန်ကိုခွင်း၍ ပြေးနေရင်းအဖန်ဖန်ဆုတောင်းနေခဲ့မိတော့သည်က . . .

မိမိ၏ သံသယတို့ အမှန်တကယ် မဖြစ်လာစေရန်ကိုသာ. .။

ဆုတောင်းတို့မပြည့်တော့ပြီကိုနားလည်လိုက်ပါ၏ ။

အိမ်တော်အဝင်ဝတွင် ရှိသောအစောင့်နှစ်ယောက်တို့သည် နံရံကိုမှီကာခွေလဲနေကြသည် ။Sehun သခင်လေးမျက်လုံးထဲတွင်ဘာကိုမှမမြင်နိုင်တော့မြင်းပေါ်မှခုန်ဆင်းကာ အိမ်တော်ထဲသို့ တဟုန်ထိုးပြေးဝင်လာခဲ့မိတော့သည် ။

ခြံဝင်းသည် အသက်မဲ့စွာတိတ်ဆိတ်လျက် ။ မြင်သမျှနေရာတိုင်း၌ အစောင့်နှင့်အလုပ်သမားတို့သည်ခွေလဲနေကျသည်ကိုသာတွေ့ရသည် ။

သူရင်တွေဗလောင်ဆူလာသည် ။ ဒေါသကပါ မီးလိုတောက်လာ၏ ။

yaungmin သခင်ကြီး၏ အိမ်မကြီးဆီကိုသူရောက်လာခဲ့သည် ။ အသက်ပင်မှန်မှန်မရှုနိုင်အောင်မောဟိုက်နေခဲ့သော်လည်း ။

Master key ( HH one shot collection )Hikayelerin yaşadığı yer. Şimdi keşfedin