အလွမ်းတေးတစ်ပုဒ်(သို့မဟုတ်)ချယ်ရီ

89 16 2
                                    

နေဝင်ဖျိုးဖျအချိန်သို့ ကူးပြောင်းလာသည်နှင့်အတူ yaungmin စံအိမ်တော်ကြီး၌လည်း ရောင်စုံမီးပွင့်တို့ထွန်းညှိလင်းလက်စပြု လာသည် ။

ခြံတော်အဝင်မှစ၍ လမ်းတစ်လျောက်ထွန်းညှိထားသောမီးပုံးတို့က ထိန်ထိန်ငြီးနေသလို ခြံဝင်းတစ်လျောက်သစ်ပင်တို့၌ပါချိတ်ဆွဲအလှဆင်ထားသည်မို့ yaungmin ခြံတော်တစ်ခုလုံးက လှပ၍နေတော့သည်။

ဖွင့်ဟထားသည့် ခြံတံခါးမှနေ၍ ဧည့်သည်တို့ကလည်း ဝင်လာမစဲတသဲသဲ ။ အမြဲတစေခမ်းနားတင့်တယ်သော yaungmin ခြံတော်သည်ယနေ့ပို၍တောက်ပနေရဖြင်းအကြောင်းပြချက်က ယနေ့သည် အငယ်ဆုံးသခင်လေး Xiao Luhan ၏ ဆယ်ခြောက်နှစ်ပြည့်မွေးနေ့မင်္ဂလာရက် ဖြစ်သည်မို့ ။

နန်းတွင်းအတိုင်ပင်ခံအမတ် yaumgmin သခင်ကြီး၏သားငယ် ။ စစ်သူကြီး shixun ၏ တူတော် ။ yaungmin စံအိမ်၏ အငယ်ဆုံးသခင်လေးဟူသောဂုဏ်ပုဒ်များအထပ်ထပ်ဖြင့်မွမ်းမံထားသူ၏ နေ့ထူးပေမို့လာသူတို့ကလည်း ထိပ်တန်းအရာရှိမှုးမတ်များသာဖြစ်သလို သယ်လာသည့်လက်ဆောင်တို့ကလည်း အဖိုးထိုက်တန်နိုင်ဆုံးရှားပါးပစ္စည်းများသာဖြစ်၍ တဖိတ်ဖိတ်လက်နေကြသည် ။

'' အစောင့်တွေ အဝင်ဝကိုသေချာအာရုံစိုက် ဧည့်သည်တွေနဲ့ရောပြီး မသမာသူတွေပါဝင်လာမှာစိုးရတယ်. .''

သခင်လေး sehun သည်လည်းအငြိမ်မနေရပါ ။ ဧည့်သည်ကြိုရသည်ကတစ်မျိုး လုံခြုံရေးစစ်ဆေးရသည်ကတစ်မျိုး. .။

ထိုအခိုက်တွင်ပဲ . . ။

ရောင်စုံမီးပုံးတို့အလယ်၌ ကြယ်တစ်စင်းကြွေသလို အပြာရောင်အလင်းအိမ်တစ်ခု ဖွဲ့တည်သည်ကို သူသတိထားလိုက်မိသည် ။

''Hanကလေး. . ''

အပြာရောင်လွင်လွင်ဝတ်စုံဖြင့် ထင်လင်းလှပလွန်းသောကလေးကို သူငေးကြည့်နေမိသည် ။ တဝက်သာထုံးဖွဲ့၍ဖြန့်ချထားသည့်ဆံနွယ်တို့က ကျောပြင်ထက်၌ဝဲဖြာလှုပ်ခတ်လျက် ။ အနက်နှင့်အပြာ၏ ပေါင်းစပ်ဖြစ်တည်သောအလှသည် yaungmin သခင်လေး sehun အားမျက်နှာမလွှဲနိုင်အောင်ပင်ညှို့ယူထားလေ၏ ။

xiao han သခင်လေးသည်ကား ကိုယ်ရံတော်နှစ်ယောက်ခြံရံကာ လျောက်လှမ်းလာနေရင်းမှ သူ့ကိုငူငူငိုင်ငိုင်ဖြင့်ငေးနေသော sehun သခင်လေးအားမြင်တွေ့သွားလေသည် ။ တည်တည်တင်းတင်းပြုထားသော မျက်နှာကလေး၌အပြုံးတို့ လင်းပွင့်ဝေဆာလာခဲ့ပြီးလျင် ။

Master key ( HH one shot collection )Donde viven las historias. Descúbrelo ahora