Ep 1

33 4 0
                                    


More Than an Idol

💗💗💗

_______________________________

"Norah"

High note နဲ့အော်လိုက်တဲ့သူငယ်ချင်းမမိဂျေ အသံကြောင့်ကျွန်မဖုန်းထဲကသူ့ပုံကိုကြည့်နေရာမှ JJ ကိုလှည့်ကြည့်လိုက်မိတယ်

"Norahနင်တစ်နေ့တစ်နေ့ အဲ့ဒီ HD photo တွေကြည့်ပြီး ပြုံးလိုက်ဖြီးလိုက်လုပ်နေတာမပျင်းသေးဘူးလား နင့်ကိုဘေးကကြည့်နေရတာ အရူးကိုမြင်နေရသလိုပဲ"

ဂျေဂျေတစ်ယောက် ကျွန်မကိုဘယ်ကတည်းကမျက်စိစပါးမွှေးစူးနေတယ်မသိ မဲ့ကာရွဲ့ကာကိုကောနေပါတော့သည်

"ဟီး နင်ကလဲ "

"ို နင်က သူရေးတဲ့စာတွေ ကိုသဘောကျတာမဟုတ်ပဲလူကိုသဘောကျနေတာမဟုတ်လား အရေးသားမဟုတ်ပဲရုပ်ကိုကြွေနေတယ်ပေါ့"

"မဟုတ်ပါဘူးဟယ် ငါက အရေးသားရော ရုပ်ရော style ရော အသံရော အပြုံးရော သူ့အပြုမူတိုင်းကိုကြွေတာ I love the way he acts"

"သွားပြီ နင်တော့ပလပ်ကျွတ်တာဆေးမမီတဲ့အဆင့်ရောက်သွားပြီ ဒါပေမဲ့ နင့်လိုမြန်မာပြည်က tour guide ပေါက်စကို ဟိုကဥစ္စာပေါရုပ်ချောစာရေးဆရာကသိမှာတောင်မဟုတ်ဘူးနော် တော်ရုံပဲရူး "

"ငါကြိုးစားမှာပေါ့ နင်ကလဲ ငါအခုလို Eng အပြင် ကိုးရီးယားစာပါသင်ပြီး ကိုးရီးယားguide ဖြစ်အောင်လုပ်နေတာ သူ့ကြောင့်ပဲ"

ကျွန်မစကားအဆုံးမှာတော့ ဂျေဂျေတစ်ယောက် ခေါင်းတစ်ရမ်းရမ်းဖြင့်ကျွန်မကိုစိတ်ပျက်သလိုကြည့်ကာဘာမှဆက်မပြောတော့ပေ

တကယ်တော့ ကျွန်မကိုထိုသို့ပြောကြကြည့်ကြတာအထူးဆန်းမဟုတ်တော့ သူဆိုသောသူတစ်ယောက်ကို မဖြစ်နိုင်မှန်းသိသိရက်နဲ့ idol တစ်ယောက်ထက်သံယောဇဉ်ပိုခဲ့မိတဲ့အချိန်တည်းကပါပဲ ~~~~~
ထိုသူကတော့ Park Jimin ဆိုတဲ့ korea ရဲ့ best seller, Travel blogger,writer တစ်ယောက်ပါပဲ
ကျွန်မသူ့ကိုစသိခဲ့တာ"My Dream City , Amsterdam" ဆိုတဲ့စာအုပ်နဲ့လေ သူကအဲ့ဒီစာအုပ်ထဲမှာ နယ်သာလန်က အမ်စတာဒမ်မြို့လေးရဲ့ ပုံရိပ်ကို သူ့အတွေ့ကြုံနဲ့ယှဉ်ပြီး အရမ်းကို လှပအောင် သွားချင်စရာကောင်းအောင်းရေးထားခဲ့တယ်
ကျွန်မကလည်း အရင်တည်းက အဲ့ဒီစာအုပ်ကိုမဖတ်ခင်ကတည်းက ကျွန်မရဲ့အိမ်မက်မြို့ဟာ အမ်စတာဒမ်ဖြစ်နေခဲ့တယ်.ကျွန်မအသွားချင်ဆုံးမြို့ကို ကြွေလောက်အောင်ရေးပြထားတဲ့သူ ကျွန်မစိတ်မ၀င်စားဘဲ ဘယ်လိုနေနိုင်မလဲ ဒါနဲ့ကျွန်မလဲ google မှာ သူ့အကြောင်းကိုရှာကြည့်တော့ ပိုသဘောကျရပြန်ရော ဘာလို့လဲဆိုတော့ သူလုပ်နေတာ Travel Blogger,writer တဲ့ ဒါကလဲ ကျွန်မရဲ့အိမ်မက်ပဲ ဒီလိုနဲ့ ကျွန်မဟာ သူ့ရဲ့ website တွေအကုန်လုံးကို like,သူ့ acc တွေအားလုံးကို follow လုပ်ရင်းနဲ့ Park Jimin ဆိုတဲ့သူဟာ ကျွန်မရဲ့ idol ဖြစ်လာပါတော့တယ်
နောက်ပိုင်းကျွန်မဟာ သူ့စာအုပ်တွေတိုင်းကိုဖတ်ခဲ့တယ်.website တွေမှာလဲသူဘာတင်တင်မလွတ်စေရအောက်ဖတ်ရင်း သူ့ပုံတွေကြည့်ရင်းနဲ့သူနဲ့ကျွန်မဟာ စိတ်ချင်းပဲနီးစပ်နေသလိုလိုခံစားမိလာတယ်

ဒါဟာကျွန်မဘက်က တစ်ဖက်သတ်လိုရာဆွဲတွေးနေတဲ့တစ်ဖက်သတ်အတွေးမှန်းသိသိကြီးနဲ့ကျွန်မတကယ်ကိုရူးရူးမိုက်မိုက်လက်ခံထားခဲ့တာကြာခဲ့ပြီ
~~~~~~~~~

SOULMATEWhere stories live. Discover now