Ep 5

11 2 0
                                    

အပြန်အလှန်မိတ်ဆက်ရမည့်တာဝန်ပြီးသွားပြီဖြစ်သဖြင့် ယနေ့ itinerary detail အား korea လိုပြောပြရပေသည်

" ဒီနေ့ itinerary အရ အခု ရှင်တည်းရမယ့် Hotel ကိုသွားနေတာပါ Hotel check in ၀င်ပြီးရင် ခြောက်ထပ်ကြီးဘုရားကိုသွားပါမယ်
ပြီးရင် lunch ပါ . National Museum ကိုလေ့လာပြီးရင်တော့ ညနေပိုင်းမှာ ကျွန်မတို့နိုင်ငံရဲ့ land mark ရွှေတိဂုံဘုရားကိုသွားရောက်မှာပါ China Town လို့ခေါ်တဲ့ညဈေးကိုသွားရမယ့်အစီစဉ်လဲပါ ပါလို့ dinner ကိုအဲ့မှာပဲကြိုက်တာစားလို့ရပါတယ်"

ကျွန်မစကားဆုံးသွားတော့ သူက ကားမှန်တွင်းမှ အပြင်ဘက်ကိုငေးနေခြင်းကိုရပ်လိုက်ပြီး

"ဘယ်ကိုမှမသွားခင် ယောကျာ်းလေးသီးသန့်ဆံပင်ညှပ်ဆိုင်တစ်ခုကိုအရင်ပို့ပေးပါလား"

သူကခပ်တည်တည်နဲ့လက်ပိုက်ကာကျွန်မကိုတည့်တည့်ကြည့်ပြီးပြောလိုက်ပေမဲ့ လက်တစ်ဆစ်သာသာလောက်ရှိသော brainနဲ့ကျွန်မမှာ

"Wae..... Waeyo"

ဟုသာ ပြန်မေးနိုင်လေသည်

"ငါ့ဆံပင်အရောင်ပြောင်းဆိုးချင်လို့"

ဟင် ဘယ်လိုကြီးလား

ဘယ့်နှယ့် korea ကလာပြီးမြန်မာပြည်ရောက်ရောက်ချင်းပထမဆုံးလုပ်တာက ဆံပင်ဆေးဆိုးတာတဲ့လား

မသိရင်ဟိုမှာပဲဆိုးလို့မရသလိုလို သို့သော်အကြောင်းပြချက်ကို စဉ်းစားနေချိန်မရ
ထိုဧည့်သည်တော် စိတ်တိုင်းကျမည့်ဆံပင်ညှပ်ဆိုင်ကို ရုံးမှ information လှမ်းတောင်းကာ အလျှင်မြန်ပို့ဆောင်ပေးရလေသည်

ဆိုင်သို့မရောက်ခင် ကားပေါ်မှာတည်းက guide တို့၏တာဝန်အရ မပြောမပြီး မတီးမမြည် ကိစ္စကိုလည်းပြောရသေးသည်

"ရှင်ဆံပင်ဆေးဆိုးမယ်ဆိုရင် အချိန်ပေးရမှာမို့လို့ destination တစ်ခုတော့လည်ဖို့လျှော့သွားလိမ့်မယ်နော်
ပြီးတော့ ရှင့်ကိုအခုလိုက်ပို့မယ့်ဆိုင်က ဒီမှာအကောင်းဆုံးကိုရွေးထားတာပါ ဒါပေမယ့် ရှင်တို့ဆီမှာ ရှင်သုံးနေကျလောက်ကောင်းမယ်မကောင်းမယ် quality နဲ့ပတ်သက်ပြီးတော့တော့ ကျွန်မ အာမ မခံပါဘူး quality ပိုချင်လဲပိုမယ် လျှော့ချင်လဲလျော့မယ် တူချင်လဲတူမယ်"

SOULMATEWhere stories live. Discover now