"Wing"
ဒီကော်ဖီ
ဆိုင်လေးက decoration ပိုင်းမှာလဲ ကောင်းပြီး ဟန်မြစ် view ကိုကြည့်နိုင်တာကြောင့်တစ်ကြောင်း market ကလဲ အထင်တန်းလွှာတွေကို target ထားတာကြောင့်ရောထင်ပါရဲ့ လူဝင်ထွက်သိပ်တော့မများပေ
ဆိုင်ထဲမှာမီးရောင်ကိုအရမ်းအလင်းကြီးထွန်းထားတာမျိုးမဟုတ်ဘဲ အချစ်သီချင်းအေးအေးလေးတွေကိုလဲ ဖွင့်ပေးထားတာကြောင့် ဟန်မြစ်ရဲ့အလှကိုခံစားရတာပိုပြီးပြည့်စုံနေသလိုလို...................
သို့သော်
ဆိုင်ရဲ့ထောင့်ကျကျစားပွဲမှာထိုင်နေတဲ့ ကောင်လေး တစ်ယောက်ကတော့
ထိုအလှအပများကိုခံစားနိုင်ပုံမရကြည်လင်နေသောအသားရည်နှင့် လိုက်ဖက်လှသော မီးခိုးရောင်ဆံပင် အလယ်ခွဲ style
ချောလွန်းသည်ဟုမဆိုသာသော်လည်း ကလေးတစ်ယောက်လိုအပြစ်ကင်းတဲ့ မျက်နှာ
ထိုမျက်နှာပေါ်တွင် တစ်ခုခုကို ချီတုံချတုံ စိုးရိမ်မကင်းရိပ်တို့ကတစ်ချက်တစ်ချက်ဖြတ်သန်းနေသယောင်"ဒေါက် ဒေါက် ဒေါက်"
နီးကပ်လာသော ဒေါက်ဖိနပ်သံကြောင့် စားပွဲပေါ်တင်ထားသောလက်နှစ်ဖက်ကို အာရုံစိုက်၍ခေါင်းငုံ့ထားရာမှ မော့ကြည့်ရာမှ ပြာပြာသလဲ ထရင်း" Ar Noona စောနေပါလား ကျွန်တော်က ဒီထက်နောက်ကျမယ်ထင်ထားတာ "
"Imm ဟုတ်တယ် Jimin က Noona နဲ့ အေးအေးဆေးဆေး တွေ့ချင်တယ်ဆိုလို့
So Yoon တို့နဲ့ ချိန်းထားတာကို ဖျက်ပြီးစောလာခဲ့တာ""Arr အားနာလိုက်တာ"
"မဟုတ်တာ Noona ကိုယ်တိုင်ကလဲ Jimin နဲ့အေးအေးဆေးဆေးတွေ့ချင်လို့ ကျောင်းကိစ္စတွေကြောင့်ခုလိုမတွေ့ဖြစ်တာကြာပြီလေ ပြီးတော့ Jimin ကိုပြောစရာလဲရှိတယ်"
"ပြောစရာ ....... ပြောလေ Noona "
"Imm စားပြီးမှပြောတော့မယ်"
"Nae Noona ဘာမှာမလဲ ကျွန်တော်မှာမထားသေးဘူး Noona ကိုစောင့်နေတာ"
" Arigu လိမ္မာလိုက်တဲ့ wuri jimin"
သူမကပါးစပ်ကလဲပြော လက်ကလဲ jimin ရဲ့ပါးဖောင်းဖောင်းလေးကိုဆွဲဖဲ့လိုက်သေးသည်
ပြီးမှ menu ကိုယူကာ စားပွဲထိုးကိုမှာကြားနေလေတော့သည်

YOU ARE READING
SOULMATE
FanfictionPark Jimin×Reader OC,Romance Story between a girl and her idol Park Jimin as a famous travel bloger