ကျွန်မ အန်တီကြီး ရုံးခန်းထဲက စိတ်တစ်ခြားကိုယ်တစ်ခြားပြန်ထွက်လာပြီး
ပေးလိုက်တဲ့ tour program စာရွက်နဲ့လာမယ့်ဧည့်သည်ရဲ့ profile ကို မယုံကြည်နိုင်စွာအပြန်ပြန်အလှန်လှန်ဖတ်နေမိတယ်ခရီးစဉ်ကာလကလဲ4 weeksကြီးများတောင်
ရန်ကုန်-ပုဂံ-မန္တလေး-ဗန်းမော်-ဧရာဝတီ-အင်းလေး-ချင်းပြည်နယ် ခရီးရှည်ကြီးကျွန်မလို guide ပေါက်စတစ်ယောက်အနေနဲ့ဒီလိုခရီးစဉ်ကြီးရဖို့ဆိုတာမလွယ်ကူပေ
ရုံးမှ တစ်ခြားဂိုက်များမှာအခြားပုံမှန် tour group ကြီးများနှင့်လုံးဝအားလပ်ခြင်းမရှိ
ကျွန်မသာလျှင် city tour လေးများလောက်ရှိသောကြောင့်တစ်ကြောင်း ယခုလာမည့်ဧည့်သည်မှာ korea ဖြစ်သောကြောင့်တစ်ကြောင်း
Korea ဘာသာတီးမိခေါက်မိရှိသောကျွန်မကိုရွေးလိုက်ဟန်တူသည်ထို့ကြောင့် ဤကဲ့သို့ ခရီးစဉ်ကြီးရခြင်းသည် အံအားသင့်စရာ အကြီးမားကိစ္စမဟုတ်ချေ
လာမည့်ဧည့်သည် နာမည်ကိုဖတ်မိမှ ကျွန်မမှာ
ကိုယ့်မျက်လုံးကိုမယုံနိုင် အကြိမ်ကြိမ်ပြန်ဖတ်နေရသည်"Park Jimin"
နာမည်အပြင် အလုပ်အကိုင် travel bloger,writer အိုမိုင်ဂေါ့
သူ့ passport မိတ္တူမှ မွေးနေ့မွေးရက်များက ကျွန်မ ရှာဖွေမှတ်သားထားသောနေ့ရက်များနှင်ကွက်တိ"ဒါ...ဒါဆို...သူပဲ
တကယ်ပဲ သူ......"ရုံးမှာရော အပြန်လမ်းမှာရောထိန်းချုပ်ထားခဲ့သမျှ အိမ်အရောက်အခန်းထဲသို့ကဆုန်ပေါက်ပြေးဝင်ကာ ကုတင်ပေါ်အားရပါးရခုန်မိသည်မှာဘယ်နှစ်ကြိမ်မှန်းမသိ
အော်လိုက် စာရွက်ကိုပြန်ကြည့်လိုက် ခုန်လိုက် ဖြစ်နေပုံမှာ အရူးတစ်ယောက်လိုပင်"Yes, ဟုတ်ပြီကွ မိဂျေကိုဖုန်းဆက်ရမယ်"
ကျွန်မဖုန်းဆက်သော်လည်း မိဂျေခမျာမယုံသည့်အပြင် ကျွန်မကိုတကယ်ရူးရှာပြီဟုကောက်ချက်ချသော်လည်း ကျွန်မ၏အားပါးတရတုန်တုန်ရင်ရင်ငိုသံပါအောင်ဝမ်းသာလုံးဆို့နေသောအသံကြောင့် အိမ်သို့ချက်ချင်းဆိုသလိုရောက်လာပြီး အတည်ပြုရှာလေသည်
ကျွန်မ မဆိုထားနှင့် မိဂျေပင် အပြန်ပြန်အလှန်လှန်ဖတ်ကြည့်ပြီးမှ"ဒါဆို တကယ်ကြီးပေါ့ Norah ၀ိုး မိုက်လိုက်တာ
ကံကြမ္မာကတကယ်ကိုတွေ့ခွင့်ပေးခဲ့ပြီပဲ အဲ့ဒီတော့ နင်အစွမ်းကုန်ကြိုးစားရမယ် အမှားယွင့်းမဖြစ်စေနဲ့"ကျွန်မခေါင်းကိုခပ်သွက်သွက်ပြန်ငြိမ့်ပြမိသည်
"တစ်ခုတော့ရှိတယ်"
"အင်းဘာတစ်ခုလဲ"
ကျွန်မစိတ်အားထက်သန်စွာမေးမိတယ်
"သူကနင့် idol နင်သူ့ကို အရမ်း တွေ့ချင်ခဲ့တာဘာညာ နင့်အခြေနေမှန်တော့သူအရင်သိရင်မကောင်းဘူးထင်တယ်"
"အင်းအဲ့ဒါတော့ဟုတ်တယ်နော် ငါပုံမှန် guide က ဧည့်သည်ကိုဆက်ဆံသလိုမျိုးဆက်ဆံနိုင်ဖို့ကြိုးစားရမှာ ဒါကငါ့ကို ပထမဆုံးပေးတဲ့ tour ငါအမှားယွင်းဖြစ်လို့မရဘူး"
"ငါနင့်ကိုယုံပါတယ် fighting အခုတော့ငါပြန်တော့မယ် နောက်ထပ်ထူးခြားတာဖြစ်ရင်ငါ့ကိုပြောပြဖို့မမေ့နဲ့နော်""Imm pr Bye"
မိဂျေပြန်သွားပြီးနောက်လဲ ကျွန်မ၏အရှိန်မှာမသေ. အပျော်တွေပြည့်နေလို့လားမသိ ဗိုက်ပင်မဆာတော့
စာဖတ်သော်လည်း စာဖတ်လိုက် ထို tour program စာရွက်ကြားဖြတ်ပြန်ဖတ်ကာ စိတ်ကူးယဉ်လိုက် စာထဲစိတ်မရောက်ပေ
အိပ်လို့လဲ အတော်နှင့်မပျော်
ညဥ့်နက်မှ စိတ်ကူးပေါင်းသောင်းခြောက်ထောင်နှင့်အတူ အိပ်ပျော်ရတော့သည်ကျေးဇူးတင်လိုက်တာ😍
မြန်မာနိုင်ငံကိုလာဖို့ရွေးချယ်ခဲ့တဲ့ရှင့်ကိုလဲကျေးဇူးတင်တယ်😍
ရုံးကအလုပ်ရှုပ်နေတဲ့ senior guide တွေကိုလဲကျေးဇူးတင်တယ်😍
ဒီခရီးစဉ်ကိုရောင်းပေးတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်😍
ဒီခရီးကိုပေးခဲ့တဲ့ အန်တီကြီးကိုလည်းကျေးဇူးတင်တယ်😍
သူ့ကိုတကယ်အပြင်မှာတွေ့ခွင့်ရအောင်ဖန်တီးခဲ့တဲ့အခြေနေအားလုံးကို ကျေးဇူးတင်တယ်😍
ကျွန်မတကယ်ကျေးဇူးပါတယ်😍~~~/~~~/~~~

YOU ARE READING
SOULMATE
FanfictionPark Jimin×Reader OC,Romance Story between a girl and her idol Park Jimin as a famous travel bloger