👉Arrival💓
ဒီနေ့. ..............
ဒီနေ့ သူ မြန်မာနိုင်ငံကို ရောက်မယ့်နေ့ မြန်မာ့မြေကိုခြေချမယ့်နေ့ ကျွန်မ မျှော်လင့်တစ်ကြီးစောင့်စားခဲ့ရတဲ့နေ့
စောင်းကြားထဲကွေးချင်စရာ အေးစိမ့်စိမ့် ဒီဇင်ဘာမနက်ခင်း ခပ်နွေးနွေးမွေ့ရာနှင့်စောင်တို့သည် သူ့လောက်ကျွန်မကိုမဆွဲဆောင်နိုင်ပါပေ
နှိုးစက်သံမြည်လာလာချင်း အိပ်ရာမှ ၀ရုန်းသုန်းကားထကာ ရေချိုးခန်းဆီ တန်းနေအောင်ပြေးမိလေသည်
အရင်က မနက်လင်းလျှင် နှိုးစက်ကမြည်လိုက် ပိတ်လိုက် ပြန်အိပ်လိုက် မြည်လိုက် ပိတ်လိုက် ပြန်အိပ်လိုက် မြည်ပိတ်အိပ် သံသရာစနစ်ကိုကျင့်သုံးခဲ့သောကျွန်မကို ချက်ချင်းပြောင်းလဲစေနိုင်အောင်စွမ်းသောထိုလူသား~~~
မှန်တင်ခုံရှေ့အချိန်ပေးရခြင်းသည် စောစောထရခြင်းကြာင်းပြချက်တစ်ခု
အချိန်ပေးရသည်ဆိုခြင်းမှာ မျက်နှာကိုအဆင့်ဆင့် ခြယ်သနေရခြင်းကြောင့်မူမဟုတ်ယခင်ကမူထိုက်သင့်သလောက် ခြယ်သခဲ့သော်လည်း ယခုတစ်ခါမူမတူ
ယခုမူ ကျွန်မ၏ခြယ်သမှုသည် အစွမ်းကုန်တောက်ပရန်မဟုတ်ပဲ သဘာဝကျစေရန်ကြိုးစားရသည် အထူးလိမ်းခြယ်ထားသလိုအမြင်ခံရမှာလဲစိုးရိမ်သည်ကတစ်ကြောင်း ကိုးရီးယားမင်းသမီးတို့၏ မိတ်ကပ်style လေးများကိုမြင်မိသည်ကတစ်ကြောင်း အကြောင်းရင်းကများလှသည်
သို့သော် သို့သော်ငြားလည်း
လမင်းကြီးကဲ့သို့ အဖုအထစ်ချိုင့်ကလေးများ များပြားလှသောမိမိမျက်နှာက ပါးပါးလျားလျားလိမ်းရန် သိပ်ပြီးခွင့်မပြုချင်
ဆံပင်ကိုမူဘာမှပြင်ဆင်ခြင်းမပြု ခါးအထက်ဝဲနေသည့် ဖြောင့်ဖြောင့်စင်းစင်း အုံထူထူ ပိတုန်းရောင် ဆံကေသာသည် ကျွန်မ၏မဟာအားသာချက်ကြီးဆိုတာ ကျွန်မကောင်းကောင်းကြီးသိသည်
အ၀တ်စားကိုမူ ညကတည်းကရွေးချယ်ထားပြီးဖြစ်သည့်
သူ့အကြိုက် အနက်ရောင် ချည်ထဲတွင် အနီရောင်ရိုးရိုးချိတ်လိုင်းလေးများဖောက်ထားသော ထဘီနှင့် ရင်ဖုံး လက်ရှည် လက်ခေါင်းလောင်း ဇာအကျီင်္ အနက်ကို ဆင်မြန်းလိုက်သည်

YOU ARE READING
SOULMATE
أدب الهواةPark Jimin×Reader OC,Romance Story between a girl and her idol Park Jimin as a famous travel bloger