နာကျင်တယ် အရမ်းကို နာကျင်တယ်။
ဝမ်းဗိုက်တစ်လျှောက် တဆစ်ဆစ်နဲ့ကို နာနေတာ။ ပင်ပန်းနေတဲ့ သူ့ကို မပြောရက်တာနဲ့
တစ်ယောက်ထဲ ကြိတ်ခံစားနေလိုက်တယ်။
ခနလေးပဲ နာမှာပါလေ။ မနက်ရောက်ရင် ပျောက်သွားမှာပါ။
ကားမှတ်တိုင်မှာ သူ့ပုခုံးပေါ် မှီအိပ်ရင်း နာကျင်မှုတွေကို ခနတာ ဥပက္ခောပြုလိုက်သည်။
တစ်ချက်တစ်ချက် အောင့်အောင့်လာတဲ့ ၀မ်းဗိုက်ရဲ့ ဘယ်နေကာမှန်းမသိတဲ့ နေရာကို ဖိနှိပ်ထားသည်။ နာလွန်းလို့ ချွေးတောင်ဆို့နေပြီ။
လက်တွေလည်း အေးစက်လို့နေပြီ။
သူတောင် ကျွန်တော့်ကို ပြောနေသေးတယ်။
"Jimin က ပူတတ်လိုက်တာ" တဲ့။
ဒါပေမယ့်လေ ဒီနာကျင်မှုတွေက ခနတာ မဟုတ်ဘူးဆိုတာ သိနှင့်နေသလို။
ဒီတစ်ညတော့ ကျွန်တော် အိပ်ပျော်အောင် အိပ်ရအုံးမယ်။ မနက်ရောက်မှ နေပြန်ကောင်းမယ်မလား။မနက် အိပ်ရာနိုးတော့ မနေ့က အကိုက်အခဲ ပျောက်ဆေးကြောင့်လားတော့ မသိ။ ဗိုက်နာနေတာလေး ပျောက်သွားပါပြီ။
ရေချိုးခန်းထဲ ၀င်ပြီး ဘေစင်မှာ မျက်နှာသစ်ရင်း မှန်ထဲ ကြည့်မိတော့ သိသိသာသာ ခုတလော
ကျွန်တော့် နှုတ်ခမ်းတွေ ညိုနေသည်။ အရင်ကဆို အရောင်တွေ တင်မထားပါဘဲ
နီရဲနေတတ်ပါတယ်။သူက အိပ်နေတုန်းဆိုတော့ မနှိုးချင်တာနဲ့
အိမ်အောက်ဘက်ဆင်းပြီး လမ်းထွက်လျှောက်ဖြစ်သည်။ နံနက်ခင်းလေးက
သာယာပါတယ်။ တက်တက်ကြွကြွ လမ်းတစ်ပတ် လျှောက်ပြီး ပြန်လာတော့
ထိုင်ခုံမှာ ငုတ်တုတ်ကြီး ထိုင်နေတဲ့ Sugar။"Sugar နိုးပြီလား ကျွန်တော်တောက် လမ်းသွားလျှောက်ပြီးပြီ"
"..........."
"ဘာဖြစ်နေတာလဲ"
ဘယ်လို ပြောပြော စကားတစ်ခွန်းတောင် ပြန်မပြောတဲ့ သူက နှုတ်ခမ်းကြီး စူလို့။
ကလေးလည်း မဟုတ်ဘဲနဲ့။
![](https://img.wattpad.com/cover/100225453-288-k233936.jpg)
YOU ARE READING
Please Stay...Until [Completed]
Fanficအိပ်မက်ထဲထိ ကျွန်တော်မျက်ရည်မကျအောင် ကောင်လေး မကုစားပေးနိုင်ခဲ့ဘူး။ ဟုတ်တယ်....ကောင်လေး မင်း ရက်စက်ခဲ့တယ်။ YoonMin [Yaoi] By:KimTae_Nun