Change

3.4K 322 12
                                    

Zawgyi
******

အေးစက်​​စေလိုသည်​ သူ၏ ဥ​​ပေက္ခာနှင့်​။
နွေး​ထွေး​စေလိုသည်​ သူ၏ ချစ်​ခြင်းနှင့်​။
နာကျင်​ ​စေလိုသည်​ သူ၏ ခွဲခွာခြင်းနှင့်​။
ဝေးကွာ​စေလိုသည်​ သူ၏ နှုတ်​ဆက်​ခြင်းနှင့်​။
ဆု​တောင်း​စေလိုသည်​ သူ၏ ကြယ်​က​လေးနှင့်​။

မ​နေ့က တစ်​ညလုံး ကျွန်​​တော့်​ရင်​ခွင်​ထဲမှာ
ထည့်​ပြီး ​ပွေ့ဖက်​ထားတဲ့ ​ကောင်​​လေးက
မနက်​ထိ ဒီပုံ​စံ​လေး အတိုင်း ​ကွေး​ကွေး​လေး
အိပ်​​နေတုန်း။ အသဲယားလိုက်​တာ။
ဝက်​​ပေါက်​​လေးနဲ့ တူတဲ့ ​ကောင်​​လေးရဲ့
ပါးမို့မို့ ရဲရဲ​လေးက မက်​မွန်​ပွင့်​​လေးလိုလို။
ပန်းနု​ရောင်​ နှုတ်​ခမ်းဖူးဖူး​လေး​တွေက
နှင်းဆီဖူး နီနီ​လေး​တွေလို။
ကျွန်​​တော့်​ ရင်​ခွင်​ထဲက ​ကောင်​​လေးက
ကျွမ်းကျင်​လွန်းတဲ့ ပန်းပုဆရာရဲ့ လက်​ရာ​မြောက်​ ပန်းပုရုပ်​​လေးအလား။
မတို့ရက်​စရာ ပါးနီနီ​လေးကို ကျွန်​​တော်
ငေးကြည့်​​နေမိသည်​။

"ဘာကြည့်​​နေတာလဲ?"

ရုတ်​တရက်​ကြီး မျက်​လုံးဖွင့်​လာတဲ့ ​ကောင်​​လေးက သူ့အား မျက်​လုံးတို့ ကျွတ်​ကျမတတ်​ကြည့်​​နေ​သော ကျွန်​​တော့်​ကို
ကြောင်​​ငမ်းငမ်း​လေး ကြည့်​ကာ ​မေး​နေရှာတယ်​။

"ဘာမှမဟုတ်​ပါဘူး ထ​တော့ "

သူ့နဖူး​လေးအား ခပ်​ဖွဖွနမ်းကာ ပြုံးလိုက်​သည်​။
ကျွန်​​တော့်​ရဲ့ မနက်​ခင်းတိုင်းကို အခုလို​လေး
ဖြတ်​သန်းချင်​လိုတယ်​။
ကောင်​​လေးက​ဘေးနားမှာ ရှိ​နေမယ့်​ ​အေးချမ်းတဲ့ မနက်​ခင်းမျိုး။
ကောင်​​လေးရဲ့ပါး​ပေါ်မှာ ကျွန်​​တော့်​နှုတ်​ခမ်းအစုံ
ရှိ​နေတဲ့ မနက်​ခင်းမျိုး။
ရှိနိုင်​ခွင့်​​ပေးမလား​တော့ မသိ​ပေမယ့်​ ​တောင့်​တမိသည်​။

"အင်း.....Yoongi အရင်​နိုးတာကို သူကျ​တော့ မထဘဲနဲ့ အိပ်​ပုတ်​ကြီး"

"ဟီး...ဟုတ်​တယ်​ ကို ကအိပ်​ပုတ်​ကြီးတယ်
ဆက်​အိပ်​အုံးမယ်​​နော်​"

နှုတ်​ခမ်းကြီးကို တစ်​​တောင်​​လောက်​စူကာ
ခေါင်းအုံးကြီးဆွဲပြီး ကျွန်​​တော့်​ကို ရိုက်​ပါ​လေ​ရော။ ပါးစပ်​ကလည်း "အိပ်​ပုတ်​ကြီး ထ​တော့" ဆိုပြီး ​ပြော​နေ​သေးတယ်​။
အဲ့လို က​လေးဆိုးကြီးကို ကျွန်​​တော်​ မနိုင်​ဘူး။
နောက်​ဆုံး​တော့လည်း ကျွန်​​တော်​ သူ့စကားအတိုင်း လိုက်​နာရ​တော့တာ​ပေါ့။
ကျွန်​​တော့်​ မင်းသား​လေး အလိုကျ​လေ။

Please Stay...Until [Completed]Where stories live. Discover now