'အချစ်' ဆိုတဲ့အရာက တကယ်ကြောက်ဖို့ကောင်းတယ် ကိုယ်တောင် မသိလိုက်ခင်မှာ သူတစ်ယောက်တည်းကို တမ်းတမ်းစွဲဖြစ်သွားလိမ့်မယ်လို့ အိမ်မက်တောင်မမက်မိခဲ့ဘူး~
စွဲလမ်းမှုဟာ သိပ်ကြောက်ဖို့ကောင်းတယ်
တစ်ခါတစ်ရံမှာ သူက ကျွန်မရှေ့ကို ရောက်လာပြီး ကျွန်မကိုကြည့်ရင်း သူ့ရဲ့ အသည်းပုံနှုတ်ခမ်းလေးကို ပြုံးပြတယ် ကျွန်မပျော်လွန်းလို့ လန့်သွားတဲ့အချိန်မှာ ကံမကောင်းစွာနဲ့ ကျွန်မဟာ အိပ်ရာထက်က နိုးထလာခဲ့ပြီ
သိပ်နှမြောဖို့ကောင်းတဲ့ အိမ်မက်လေးနော်~
တစ်ခါတစ်လေးကျတော့လဲ ဒီလိုအိမ်မက်လေးမျိုးကနေ ဘယ်တော့မှ မနိုးထချင်ဘူးတစ်ခါတစ်ရံမှာတော့ သူဟာ ကျွန်မကို လုံးဝမကြည့်ဘူး ကျွန်မရှေ့မှာ ဘယ်လောက်ပဲ သူ့ကိုခေါ်ခေါ် သူကျွန်မကိုမမြင်ဘူး ဒီလိုရင်နာနာ အိမ်မက်မျိုးကိုတော့ နောင်ဘယ်တော့မှ မမက်ဖို့ဆုတောင်းပါတယ်
ကျေးဇူးပြုပြီး 'သူနဲ့ကျွန်မဟာ အဝေးကြီးပါလား' ဆိုတဲ့ အိမ်မက်မျိုးကို မက်ခွင့်မပေးရင် သိပ်ကောင်းမှာဒါပေမယ့် အိမ်မက်မဟုတ်တဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်း ဆိုတာ ကျွန်မဆီ ကိုရောက်ရှိလာခဲ့တယ်
သူ့ကိုတွေ့ရဖို့ ဒီ့ထက်နည်းနည်းလောက်တော့ ထပ်စောင့်ရဦးမယ် ထင်ခဲ့တာ
ကျွန်မမွေးရပ်မြေကို သူကိုယ်တိုင်လာရောက်မယ်ဆိုတာမျိုးကို ကျွန်မပိုပြီးတော့တောင် စောင့်ရဦးမယ်ထင်ခဲ့တာ
မတွေ့ခင်တည်းက အရမ်းတွေစိုးရိမ်ပူပန်ခဲ့ရတာ
ကျွန်မရဲ့မွေးရပ်မြေကို သူကိုယ်တိုင်ခြေချမှာ ပထမဆုံးအကြိမ်ဖြစ်နေတာလေတစ်နေ့လုံးမူးလဲမလိုဖြစ်ခဲ့ရတဲ့အထိ ခံစားနေရပေမယ့် သူ့မျက်နှာလေးမြင်ရတဲ့အခိုက်အတန့်မှာ ကျွန်မဟာတကယ် မှင်သက်သွားမိတယ်
မြန်မာလူမျိုးမဟုတ်ပါဘဲနဲ့ 'မင်္ဂလာပါ မြန်မာ' ကို ပီသအောင်ပြောသွားခဲ့တဲ့သူ့ကို ကျွန်မမျက်ရည်တွေကြားမှာ တုန်ရင်စွာ အော်ဟစ်နေခဲ့မိတယ်
ကျွန်မတကယ်မထင်ခဲ့မိတာ စကားနည်းလွန်းတဲ့ သူဟာ ဒီလိုမျိုးအလေးထားနှုတ်ဆက်ခဲ့လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး...
တဖြည်းဖြည်း ကျွန်မနဲ့ အနီးကပ်လေး ၁ ခေါက်မှာ ကျွန်မဟာ သူ့နာမည်ကို မရေမတွက်နိုင်အောင် အော်ခေါ်နေခဲ့မိတယ်
ဒါပေမယ့် သူမကြားဘူး သူမကြားပေမယ့်လည်း ကျွန်မအော်ခေါ်နေတုန်းပဲသူ့မျက်နှာလေးကိုကြည့်နေခဲ့မိတာ ဓာတ်ပုံရိုက်ဖို့တောင်မှင်သက်သွားခဲ့ရတဲ့အထိ
သူ့နောက်ကျောလေးကိုသာ ကျွန်မကိုယ်တိုင်ရိုက်ပေးခဲ့ရတဲ့ ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သူ့ဓာတ်ပုံနှစ်ပုံ ~၁ နာရီစာလေးတွေ့ခွင့်ရဖို့ကို ကျွန်မနာရီပေါင်းများစွာ တမ်းတပြီး ငိုကျွေးခဲ့တယ်
'သူတို့ ပြန်သွားကြပြီ' ဆိုတဲ့စကားက စကားလုံး ၆ လုံးထဲပေမယ့် ချက်ချင်းရင်ဘတ်တွေအောင့်ပြီး မျက်ရည်တွေစီးကျလာခဲ့တာ~ပြန်လာခဲ့ပါ့မယ် ဆိုတဲ့ ကတိစကားကို အထပ်ထပ်ပေးသွားခဲ့တယ်
သူတို့ခြေချခဲ့ပြီးမှ ကျွန်မအမိမြေဟာ ကျွန်မအတွက်တော့ အရင်ကထက်ပိုပြီး အဓိပ္ပါယ်တွေရှိနေခဲ့တယ်မနေ့ကလည်း စောင့်နေတယ် ဒီနေ့လည်းစောင့်နေတယ် မနက်ဖြန်လည်းစောင့်နေမယ် နောင်ရက်ပေါင်းများစွာလည်းစောင့်နေဦးမှာ~
ထပ်တွေ့ခွင့်ရဖို့လည်း ကျွန်မကြိုးစားနေဦးမှာ
ဒုတိယ အကြိမ်တွေ့ဆုံခြင်းလောက်ဆိုရင်တော့ ကျွန်မတွေ့တွေ့ချင်းမငိုလောက်တော့ဘူး ထင်ပါရဲ့ ~_170514_