3

4 1 0
                                    

ဘယ်​လိုဝဋ်​​ကြွေး​တွေ​ကြောင့်​များ သူနဲ့ကျွန်​မဟာ မိုင်​​ပေါင်းများစွာ​ဝေး​နေရပါလဲ​နော်

တစ်​ကြိမ်​တစ်​ခါ​တော့
သူ့မျက်​လုံး​တွေဝိုင်းစက်​သွားသည်​အထိ
သူ့ပါးမို့မို့​လေး​တွေပင့်​တက်​သွားသည်​အထိ
သူ့အသည်းပုံနှုတ်​ခမ်း​လေး ပွင့်​ဟသွားသည်​အထိ
'ချစ်​တယ်​' လို့သူ့​ရှေ့မှာ ရင်​ခုန်​လှိုက်​​မောဖွယ်​အတိနဲ့​ပြောပြချင်​လိုက်​တာ ...

မှန်​သားပြင်​​ပေါ်က သွား​လေး​တွေ​ပေါ်​အောင်​ရယ်​​နေလိုက်​တဲ့ သူ့ကို မြင်​လိုက်​ရတဲ့ ကျွန်​မဟာ ငါးနှစ်​သမီးရွယ်​က​လေး​လေးလို လှုပ်​လှုပ်​ရွရွ ရင်​ခုန်​လှိုက်​​မောတုန်းပဲ
အကြိမ်​အခါ​မြောက်​​ပေါင်း မ​ရေမတွက်​နိုင်​​အောင်​ မြင်​ဖူး​နေပါ​သော်​လည်း တစ်​ခါမြင်​တိုင်း တစ်​ခါဆိုသလို မ​နေနိုင်​မထိုင်​ဖြစ်​​နေခဲ့တာ
ဘယ်​​တော့မှ သူ့အပြုံး​တွေကို ကြည့်​လို့ဝသည်​မှမရှိခဲ့ပဲ​လေ...

ဒီ​နေ့ သူ့အား လွမ်းဆွတ်​တမ်းတခြင်းနှင့်​ အစပြုခဲ့သလို အရင်​​နေ့​တွေများမှာလည်း လွမ်းဆွတ်​တမ်းတခြင်းနှင့်​ပင်​ အစပြုခဲ့သည်​...

PetersWhere stories live. Discover now