5

15 3 0
                                    

ယုံကြည်​ချက်​ရှိရှိနဲ့ ကိုယ်​တိုင်​​ရွေးချယ်​​ခဲ့တဲ့ လမ်း​ကြောင်းတစ်​ခု​ပေါ်မှာ မင်းကိုယ်​တိုင်​​ပျော်​မယ်​ထင်​လို့ ရင်​နာခံခဲ့ရ​တာပါ က​လေးငယ်​​ရေ...

ပုံမှန်​​တောင်​မနီးစပ်​နိုင်​တဲ့ ကိုယ်​တို့ရဲ့ အကွာ​အ​ဝေးဟာ အခုဆို မှန်းဆ​လောက်​မရ​​လောက်​​အောင်​ပိုပြီး​ ​ဝေးကွာ​နေခဲ့ပြီ​နော်​...

ကိုယ်​တို့မင်းကို ဖူးဖူးမှုတ်​ချစ်​သလို မင်းကလည်းတတိယလူကို ဖူးဖူးမှုတ်​ချစ်​မှာပဲဆိုတဲ့အ​တွေးကကိုယ်​တို့​ခေါင်းထဲအဆက်​မပြတ်​ရိုက်​သွင်း​ခံရတုန်းပဲ...

အ​ရှေ့ကိုပဲကြည့်​ပြီး​လျှောက်​ပါ​တော့...
မင်းဘာလုပ်​လုပ်​ ​အ​နောက်​မှာ မင်းပြောသမျှ​ခေါင်းငြိမ့်​မယ့်​သူ​တွေပဲမို့ ​​ပျော်​မယ်​ထင်​တဲ့အရာကိုသာ လုပ်​ပါ...

နောက်​ဆုံးတစ်​ခွန်း​တော့​ပြောချင်​​သေးတယ်
"မင်းအရမ်းဆိုးတယ်​ ဟန်​..."
အခုထိမင်းကို စိတ်​ဆိုးမ​ပြေနိုင်​​သေးဘူး
ဒါ​ပေမယ့်​လည်း မင်းကိုချစ်​တဲ့ မင်းရဲ့တတိယလူက ကိုယ်​တို့စိတ်​ဆိုး​နေတုန်းချစ်​တဲ့အချစ်​ကို​တောင်​မမှီဘူးဆိုတာ သိ​ထား​ပေးပါဦး ဟန်​​ရေ...

-171022-

PetersWhere stories live. Discover now