လောကကြီးကမတရားဘူးဆိုတာ သိပ်မှန်တယ်မဟုတ်လား။
ချစ်တဲ့ အချစ်ခြင်းတူတူတောင် ဘာလို့ တစ်ပါးသူပဲ သူ့ကို တွေ့ခွင့်ရှိပြီး ဘာကြောင့် တစ်ပါးသူကပဲ သူ့ကို ပြုံးပြခွင့်ရှိတာလဲ...စောင့်ဆိုင်းခဲ့ရတဲ့ နှစ်ခြင်းအတူတူတောင် ဘာကြောင့်များ ကိုယ့်အချစ်က သူ့ရှေ့မှာ ဖော်ပြခွင့်မရှိတာလဲ!
အများကြီးမတောင်းဆိုပါဘူး တစ်ခါလောက်...
တစ်ခါလောက်ပဲ သူကိုပြုံးပြခွင့်မရှိဘူးလား...ဘာတွေများလုပ်ခဲ့မိလို့ 'ဝေးကွာခြင်း' ဆိုတဲ့ ခေါင်းစဉ်အောက်က ရုန်းလို့မရခဲ့တာလဲ...
ကျေးဇူးပြု ပြီး...
ကျေးဇူးပြု ပြီး...တစ်ခါလောက်ပဲ သူနဲ့ တွေ့ဆုံခွင့်ပေးပါ...။
တစ်ခါလောက်ပဲ သူ့ကို ပြုံးပြခွင့်ပေးပါ...။
တစ်ခါလောက်ပဲ သူ့ရှေ့ အချစ်ကို ဖော်ပြခွင့်ပေးပါ...။လွမ်းတယ် ဆိုပေမယ့် ပြေးတွေ့လို့မရခဲ့ဘူး
မှန်သားပြင်ပေါ်မှ သူ့မျက်နှာ အစိတ်အပိုင်းအချို့ကိုသာ ထိတွေ့ခဲ့ရတယ်...
တော်ပြီပေါ့ ၄ နှစ်စာက မလုံလောက်ခဲ့လို့များလား?
ပထမအကြိမ်တွေ့ဆုံဖူးပေမယ့် ဘယ်လောက်ခေါ်ခေါ်သူမကြားခဲ့ဘူးလေ...
ဒါဆို ဒုတိယအကြိမ်ရော သူကြားမှာ မို့လို့လားလို့ တချို့ ကမေးတဲ့အခါ ကျွန်မမှာ ဖြေစရာ အဖြေမရှိခဲ့ဘူး။
ဝဋ်ကြွေးဆို အခုဘဝတည်းကကျေပါစေတော့...။
နောင်ဘဝမှာများ သူနဲ့ထပ်တွေ့ခွင့်ရခဲ့ရင် ဝေးကွာနေရင်တောင် တွေ့ဆုံခွင့်ရပါစေ။ ။