အင်း...သူသဘောကျတယ်ဆို ကျွန်မလည်းကျွန်မလည်းသဘောကျတယ်
အင်း...သူစိတ်ဝင်စားတယ်ဆို ကျွန်မလည်းစိတ်ဝင်စားတယ်
အင်း...သူကြိုက်နှစ်သက်တယ်ဆို ကျွန်မလညိးကြိုက်နှစ်သက်တယ်
သူမသိပေမယ့် ကျွန်မက သူနဲ့တစ်သားတည်းဖြစ်အောင် လုပ်ယူနေတာ
မိုးဦးရာသီရဲ့ အစက ကျွန်မအတွက်တော့ သိပ်အလိုမကျ
မိုးမင်းကြီးကိုပြောလိုက်ချင်ပါရဲ့ တခြားစိတ်ပျော်စရာကိစ္စတစ်ခုခုကို ယူလာခဲ့ပါလားလို့...
'နင်က အတ္တသိပ်ကြီးတယ်'
ဟုတ်ပါရဲ့ ကျွန်မက အတ္တသိပ်ကြီးတဲ့လူပဲ
သူသိပ်သဘောကျတဲ့ ဒီအလုပ်ကို ကျွန်မက ဘာလို့??
မဟုတ်ဘူး ကျွန်မလည်းသိပ်သဘောကျသလို သူ့အတွက်လည်း ကျွန်မအရမ်းဂုဏ်ယူနေတာလေသဘောမကျတာမဟုတ်ပါဘူး မရင့်ကျက်သေးတာပါ တစ်ယောက်ယောက်နဲ့အတူတူတွဲမြင်ရဖို့
အခုထက်ထိကို နှလုံးသားကကော ဦးနှောက်ကကော မျက်လုံးကကော လက်မခံသေးတာသိပ်ရယ်ရတယ်နော် ပြောကြမှာပေါ့ 'ပထမဆုံးအကြိမ်လည်းမဟုတ်ပဲနဲ့'
ဟင်း...ပထမဆုံးအကြိမ်လည်း ဒီခံစားချက်ဖြစ်နေခဲ့ပြီး အခုထက်ထိလည်းဒီခံစားချက်ဖြစ်နေတုန်းပဲ
အဲ့လိုဆိုပြီး တူတူတွဲတဲ့ မိန်းကလေးကိုမုန်းလားလို့ မမေးနဲ့
လုံးဝမမုန်းခဲ့ဘူး တကယ်မမုန်းခဲ့တာအရမ်းကြီးငြင်းနေရင်လိမ်ပြောရာကျမယ်
အနည်းငယ်တော့ စိတ်ကွက်တာမျိုးတော့ရှိတာပေါ့ဒါပေမယ့်လည်း ထိုမိန်းကလေးတွေကို ပစ်ပစ်နှစ်နှစ်ပြောရလောက်အောင်တော့ ကျွန်မစိတ်သဘောထားမကြမ်းတမ်းပါဘူး ဘာလို့လဲဆိုတော့ သူကိုယုံတယ်လေ
သူက အလုပ်ကိုအလုပ်နဲ့တူအောင်သိပ်လုပ်တတ်တဲ့လူစားမျိုး
ဘာစိတ်ညာစိတ်မရှိ အလုပ်ပဲသိတဲ့ အရိုးသားဆုံးလူသားမျိုးဒါတွေကိုတွေးပူနေတာမဟုတ်ဘူး ကိုယ့်ဘာသာကိုယ်မရင့်ကျက်တဲ့ခံစားချက်တွေဖြစ်နေတာကို အလိုမကျတာ
ဒါပေမယ့် မရင့်ကျက်ချင်ဘူး ဟုတ်တယ်...
ဒီခံစားချက်တွေမဖြစ်ပါစေနဲ့လို့ ဆုမတောင်းချင်ဘူး...ကိုယ်ချစ်ရတဲ့သူကို သဝန်တိုတာမျိုးက သဘာဝကျတယ်လေ...
အင်း ဟုတ်တယ် သဝန်တိုမှုလို့ပဲ ခေါင်းစဉ်တပ်လိုက်မယ်...
_170516_