part-3

3.5K 445 7
                                    

နံနက်​ခင်း​နေ​ရောင်​ခြည်​နုနု​လေး​အောက်​မှာ စက်​ဘီး​လေးကိုလက်​တစ်​ဖက်​ကထိန်းရင်း Sehun မှာ အိမ်​​ရှေ့က​နေလှမ်း​အော်​​နေသည်​။

"ကိုကို! မြန်​မြန်​! မြန်​မြန်​လာ!"

မာမား က အိမ်​ကထွက်​ခါနီးမှ ဇွတ်​ဆွဲကာ ကိုကို့် ရဲ့​ရွှေအို​ရောင်​ခပ်​အုပ်​အုပ်​ဆံပင်​​လေးကို​သေ​သေသပ်​သပ်​ လုပ်​​ပေး​နေသည်​။ကိုကို က​တော့ ​ခေါင်း​လေးငုံ့​ပေးကာ မာမား လုပ်​​ပေးတာကိုငြိမ်​ပြီးခံ​နေသည်​။

Sehun နဲ့ မတူ။ Sehun က​တော့ ဒီအရွယ်​ကြီး​ရောက်​​နေပြီကို ဆံပင်​လိုက်​ဖြီး​ပေးနေစရာမလိုဟုမြင်​သည်​။

"ကိုကိုလို့်!! "

" အင်းပါ!!လာပြီ!! မား ကျ​နော်​ သွားပြီ​နော်​"

အိမ်​ပြင်​က Sehun ကိုလှမ်း​အော်​ကာ မားကိုနှုတ်​ဆက်​ပြီး​ပြေးလာတဲ့ ကိုကို က ​ကျောင်းယူနီ​ဖောင်းဖြစ်​တဲ့ အသား​ရောင်​​ဘောင်းဘီရှည်​နဲ့အတူ အဖြူ​ရောင်​ရှပ်​အင်္ကျီကို ဝတ်ထားသည်​။ ​ကျောပိုးအိတ်​အသား​ရောင်​​လေးကို လက်​တစ်​ဖက်​မှာလွယ်​ထားပြီး Sehun အနားကို​ရောက်​လာသည်​။

"သွားမယ်​​ "

"အင်း တက်​... "

စက်ဘီး​ဒေါက်​ကိုဖြုတ်​ကာ စက်​ဘီး​ပေါ်ကိုအသင့်​အ​နေအထား​နေလိုက်​သည်​။ ခဏအကြာ ကိုကို ​နောက်​ကထိုင်​လိုက်​တာနဲ့အတူ အ​လေးချိန်​အနည်းငယ်​ကိုခံစားလိုက်​ရသည်​။

"ကဲ....သွားပြီ​နော်​ "

"အင်း "

စက်​ဘီးကို​ဖြေး​ဖြေးချင်းနင်းရင်း​ကျောင်းဆီကိုဦးတည်​လိုက်​သည်​။

~

ကျောင်းခန်းထဲ​ရောက်​​ရောက်​ချင်း
မ​တွေ့ချင်​ဆုံးသူကိုအရင်​​တွေ့လိုက်​ရသည်​။

နောက်​ဆုံးတန်းက ​ထောင့်​ခုံမှာ​လျော့ရဲ​ရဲထိုင်​​နေတဲ့ ယူဘင်​။ သူပ အခန်း​ထဲဝင်​လာတဲ့ Sehun တို့ကိုမြင်​တာနဲ့ ​နေရာကထလာပြီး

"Bae...​နောက်​ကျတယ်​​နော်​ "

ကိုကို့်ပခုံးကိုဖက်​ကာ​ပြောလိုက်​​တော့ Sehun ​ဒေါသပုန်​ထသွားသည်​။

Power Of True Love Where stories live. Discover now