Final

5.7K 554 30
                                    

" Sehun!!!!!"

Luhan Sehun ​ဘေးတွင်​ ဒူး​ထောက်​ထိုင်​ချကာ
Sehunကိုယ်​ထဲရင်​ခွင်​ထဲ​ဆွဲ​ပွေ့လိုက်​သည်​။

ချက်​ချင်းဆိုသလို ရဲရဲ​တောက်​ အိုင်​လာ​သော ​သွေးတို့မှာ သူတို့နှစ်​​ယောက်​ကို ပတ်​လည်​ဝိုင်းလျက်​။

"Sehun...Hun ...မဖြစ်​ရဘူး​နော်​...ဘာမှဖြစ်​လို့မရဘူး​နော်​..Hun..ah "

Luhan မျက်​ရည်​အရွှဲဖြင့်​ Sehun ပါးပြင်​ကိုလှုပ်ခတ်​ကာ ငို​နေသည်​။

နှလုံးတွင်​ စို​က်​ဝင်​​နေ​သော လှံတံကို Sehun လက်​တစ်​ဖက်​ကကိုင်​ရင်း ပါးစပ်​က ​သွေးများအန်​ကျလာသည်​။

" h..hun..ah..."

"ကို ကို~~ "

"ကိုကိုရှိတယ်​..Sehun...ဘာမှမြဖစ်​ရဘူး​နော်​...ကိုကို့ ကိုမထားခဲ့ရဘူး​နော်​ "

Sehun ရဲ့ ​သွေးတချို့စွန်းထင်း​နေတဲ့ လက်​သွယ်​သွယ်​က​မြောက်​လာ​တော့ luhan ဖမ်းဆုပ်​ကာ ပါးပြင်​နဲ့ကပ်​ထားမိသည်​။

"​တောင်း..ပန်​..ပါ..တယ်​~ "

"မ​တောင်းပန်​နဲ့..မင်းဘာမှမမှားဘူး  "

"ကိုကို့ ကိုအရမ်း....ချစ်​.....တယ်​~~~ "

"ကိုကိုလည်း...အရမ်းချစ်​တယ်​....အရမ်းချစ်​တာ​ကြောင့်​ ငါ့ကိုမထားခဲ့ပါနဲ့... "

" အ!!"

Lokiက သူ့ရဲ့လှံတံကို အ​ဝေးက​နေ ပြန်​ယူလိုက်​တာ​ကြောင့်​ နှလုံးတွင်​စိုက်​​နေ​သော လှံတံက lokiထံပြန်​ဝဲသွားသည်​။

Sehun နာကျင်​လွန်း၍ တစ်​ကိုယ်​လုံးတုန်​တက်​​နေကာ ​သွေးများအန်​ကျ​နေသည်​။

"Sehun!!!Sehun!!! "

မျက်​လုံးကမှိတ်​တစ်​ဝက်​ဖွင့်​တစ်​ဝက်​ဖြစ်​​နေ​သော Sehunကို Luhan လှုပ်​နှိုးရင်း ​အော်​ငို​နေသည်​။

သွေးများစီးကျလာ​သော ရင်​ဘတ်​​နေရာကို လက်​နှစ်​ဖက်​ဖြင့်​ ဖိထားကာ ​သွေးမထွက်​​အောင်​လုပ်​​ပေး​နေရင်း မျက်​ရည်​များကလည်း စီးကျ​နေလျက်​..

"Sehun!!!!! "

Lokiက​တော့ Sehunကိုသတ်​နိုင်​ခဲ့ပြီမို့ ​အောင်​နိုင်​သူအပြုံးများဖြင့်​...သူ့​ရှေ့မှ ငိုယို​နေ​သော luhanမှာလည်း Sehunမရှိရင်​ သူ့ကိုဘာမှမလုပ်​နိုင်​​တော့ဘူးဆို​တော့ သူလုပ်​ဖို့ရာကျန်​​နေသည်​က နတ်​ဘုရားတို့ရဲ့အကြီးအကဲZuuဆီမှ အုပ်​ချုပ်​ခွင့်​လွှဲ​ပြောင်းယူရန်​သာရှိ​တော့သည်​။

Power Of True Love Where stories live. Discover now