Part-7

3.3K 425 21
                                    

" ကိုကို~"

တိုးလျလျအသံတစ်​ခုနဲ့အတူ​ ​ကျောပြင်​တစ်​​လျှောက်​ ​နွေးခနဲခံစားလိုက်​ရသည်​။
တဒိန်းဒိန်း ​ဆောင့်​ခုန်​လာ​သော ရင်​ဘတ်​နဲ့အတူသိလိုက်​ရတာက

"Sehun?..Sehun လား? "

"လွမ်းတယ်​ ကိုကို~ "

သူနဲ့ခွဲလာတာမှ နှစ်​ရက်​ပင်​မပြည့်​​သေး။
သူ့ပခုံး​ပေါ်​မေးတင်​ကာ တစ်​ကိုယ်​လုံးကိုသိမ်းကျုံးဖက်​ထားတဲ့ Sehun ဟာ လွမ်းတယ်​ဆိုတာကလွဲ၍မ​ပြော။

"Sehun...ငါ့ကိုလွှတ်​ဦး "

ခဏအကြာ ငြိမ်​​နေပြီးမှ သူ့လက်​​တွေကိုဖယ်​ချကာ လွှတ်​ခိုင်း​တော့ လွှတ်​​ပေးသည်​။
မျက်​နှာချင်းဆိုင်​လိုက်​​တော့မှ သူ့မျက်​နှာ​လေးကိုမြင်​ရ​တော့သည်​။

မျက်​နှာငယ်​​လေးနဲ့ သူ့​ရှေ့တွင်​ရပ်​​နေ​သော Sehun...

"Sehun..ဒီကိုဘယ်​လို​ရောက်​လာတာလဲ..ပါး ​ခေါ်လာတာလား "

"မဟုတ်​ဘူးး...ပါးက မ​ခေါ်လို့ ​နောက်​က​နေ ​ချောင်းလိုက်​လာတာ "

"ဘာ?...ပါပါး မသိ​အောင်​လိုက်​လာတယ်​​ပေါ့...ပြန်​​တော့...သွား... "

Sehun မျက်​နှာ​လေးညှိုးသွားသည်​။

"ကိုကို..ကျ​နော်က ကိုကိုနဲ့​တွေ့ချင်​လို့ လာတာ​လေ​ဗျာ...ဘာလို့ပြန်​ခိုင်း​နေတာလဲ...ကျ​နော့်​မှာ​တော့ ကိုကို့ကိုလွမ်း​နေတာ..ကိုကို​ရော သတိမရဘူးလား?"

သတိရတာ​ပေါ့ Sehunရယ်​။
ဒါ​ပေမယ့်​ မင်း​ငါ့အနားမှာရှိရင်​ အန္တရယ်​များတယ်​ Sehun ရဲ့
ငါမင်းကိုတစ်​ခုခုလုပ်​ပစ်​နိုင်​တယ်​ ဒါ​ကြောင့်​မို့
ကျေးဇူးပြုပြီးငါနဲ့​ဝေး​ဝေးမှာ​နေပါ။

"Sehun ပြန်​လိုက်​ပါ..ပါး စိတ်​ပူ​နေလိမ့်​မယ်​ "

"မပြန်​ဘူး "

Sehun ကို​ချော့​ပြောကာမှ စူပုတ်​ကာ ဧည့်​ခန်းမှ
ခုံတွင်​ ထိုင်​​နေသည်​။
Luhan Sehun​ဘေးဝင်​ထိုင်​ကာ

" Sehun..."

"ကိုကို..ဘာလို့ဒီမှာလာ​နေ​နေတာလဲ...ကိုကို့ မှာ​ရောဂါရှိ​နေလို့လား..တစ်​ခုခုပူးကပ်​​နေလို့လား "

Power Of True Love Where stories live. Discover now