Thor သူပေးထားတဲ့ အချိန်နှစ်ရက်ပြည့်ပြီမို့
Luhanဆီပြန်လာခဲ့သည်။နှစ်ရက်အတွင်း Lokiထံမှ luhanရဲ့တည်နေရာကိုဖျောက်ထားခဲ့သည်။ထိုနှစ်ရက်အတွင်း သူLokiရဲ့အခြေအနေကိုစုံစမ်းပြန်တော့လည်းမတွေ့ရ...Loki ဘယ်ရောက်နေလဲဆိုတာသူမသိခဲ့။
သုံးရက်မြောက်မနက်။
Thor luhanရဲ့ အိမ်ဆီရောက်လာတော့ သူတားခဲ့တဲ့ မန္တာန်စည်းကပျက်သွားပြီ။
သို့ပေမယ့် သူရနေကျဖြစ်တဲ့ Luhanရဲ့အငွေ့အသက်ကပျောက်ဆုံးနေတာကြောင့်...အမြန် luhan ရှိရာကိုသွားလိုက်တော့ အိပ်ခန်းထဲက ကုတင်ပေါ်တွင်...
ပခုံးမှကိုက်ရာကြီးနဲ့အတူ ဖြူဖျော့ကာ အိပ်ပျော်နေတဲ့luhanကိုတွေ့လိုက်ရသည်။
သူ့ဘေးမှာတော့ တုန်တုန်ရီရီနဲ့ luhanကို စိုက်ကြည့်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့ Sehun။"Luhan!!! "
Thor အသံကြောင့် Sehunကအခန်းဝကိုလှည့်ကြည့်လိုက်သည်။
ရောမအဝတ်အစားတွေလိုမျိုး ဝတ်ထားပြီး ရွှေရောင်ဆံပင်ရှည်ကြီးနဲ့အတူ တူကြီးကိုပါ ကိုင်လျက်ရပ်နေသော Thor ကိုမြင်ပြီး...
"ဘယ်...ဘယ်သူလဲ!!! "
"Luhan!!! "
Thor Sehunကိုဂရုမစိုက်နိုင်...အိပ်ရာပေါ်မှာ မြောနေပြီဖြစ်တဲ့ luhanရဲ့အခြေအနေကို တန်းသိလိုက်တာကြောင့် အမြန်ပဲ ကုတင်ဆီကိုကပ်လာတော့ Sehun က luhanကိုယ်ကိုဆွဲဖက်ကာ ရင်ခွင်ထဲထည့်ထားပြီး
"ခင်ဗျားဘယ်သူလဲ!ကိုကို့ ကိုဘာလုပ်မလို့လဲ!!! "
"Luhan ဘာဖြစ်သွားတာလဲ..ဒီလိုဘယ်လိုဖြစ်သွားတာလဲ... "
"မသိဘူး!!!ကိုကို!!!ကိုကို!!ထဦးလေ...ထဦးလို့... "
Sehun အိပ်ယာက နိုးလာတော့ သူ့ကိုယ်အပေါ်ပိုင်းကအဝတ်မရှိ...အံ့သြနေတုန်း ဘေးကိုကြည့်လိုက်တော့ luhan ကိုယ်မှာလဲအဝတ်မရှိ...အဲ့ဒိအပြင် luhanရဲ့ပခုံးက ကိုက်ရာကြီးက ပခုံးတစ်ခုလုံးမှာ နီရဲနေပြီး ပတ်ပတ်လည်မှာလည်း သွေးတွေရွှဲနေသည်...သူတွေ့နေကျဆံပင်ရွှေရောင်က အညိုရောင်ဖြစ်နေပြန်သည်...luhanကိုနိုးပေမယ့်မရ...လုံးဝမရ....ဘာတွေဖြစ်ခဲ့မှန်းလည်းသူမသိ...သူသိတာက သူမိုးမိထားလို့ ဖျားနေခဲ့တဲ့အချိန်တစ်ခုထဲသာ။
YOU ARE READING
Power Of True Love
RomanceSehun & LuHan အချစ်စစ်ရဲ့ စွမ်းအားက ဘယ်လောက်ထိ ကြီးမားနိုင်မလဲ?