အေးစိမ့်စိမ့်ခံစားချက်နဲ့အတူ Luhan မျက်လုံးနှစ်လုံးဖြတ်ခနဲပွင့်လာခဲ့သည်။ မှောင်မည်းနေတဲ့ အခန်းထဲမှာ စိမ်းမြနေတဲ့ ထိုမျက်လုံးနှစ်လုံးက ကြောက်စရာကောင်းအောင် ယောက်ရက်ခတ်နေခဲ့သည်။
Loki ရဲ့ကိုယ်ခွဲက Luhanရဲ့ကိုယ်ထဲကို အောင်အောင်မြင်မြင်ဘဲဝင်ရောက်သွားပြီဖြစ်သည်။သူ့ရဲ့မျက်လုံးစိမ်းကြီးတွေက Luhanရဲ့မျက်ဝန်းတွေအစား ပြောင်းလဲလာသည်။ ရုတ်ချည်းအေးစက်သွားတဲ့ ခန္ဓာကိုယ်က စွမ်းရည်တစ်ချို့ပါဝင်နေသည်။
အသက်မဲ့နေသူတစ်ယောက်လို ခြုံထားတဲ့ စောင်ကို ဖြေးဖြေးချင်းဖယ်ယူကာ...ထထိုင်လိုက်ပြီး
Sehunအိပ်နေတဲ့ဘက်ကိုလှည့်ကြည့်လိုက်သည်။Sehunရဲ့ဖြေးဖြေးမှန်မှန်ရှူနေတဲ့ အသက်ရှူသံတစ်ခုကို သာမာန်မဟုတ်တဲ့ အကြားစွမ်းအင်ကြောင့် ကျယ်ကျယ်လောင်လောင်ကြားနေရသည်။
မင်းကငါ့အကြံတွေကိုဖျက်ဆီးမယ့်ကောင်ပဲ...မင်းကိုငါသတ်မယ်!!!
Luhan သူ့ကုတင်ပေါ်ကနေ ဖြေးဖြေးချင်းထလာပြီး Sehun ၏ ကုတင်ပေါ်ကိုတက်လာသည်။ ပက်လက်အိပ်နေတဲ့ Sehun ပေါ်ကိုတက်ခွပြီး လက်နှစ်ဖက်ကိုရှေ့ကိုဆန့်ထုတ်လိုက်ကာ Sehun လည်ပင်းကိုချိန်ရွယ်လိုက်သည်။
~
Mr.Oh မှာ အိပ်ယာက တရေးနိုးထလာသည်။သူသည်လည်း စိတ်ကသိပ်အလိုမကျတဲ့ညမျိုးဆို
အလိုလိုနိုးလာတတ်သည်။အိပ်ပျော်နေတဲ့ မင်ဟီးကိုတစ်ချက်ကြည့်ကာ
ကုတင်ဘေးကိုရေဘူးကိုလှမ်းယူလိုက်တော့
ရေကမရှိတော့။ ရေခဲသေတ္တာကနေ ရေဘူးတစ်ဘူးယူဖို့မီးဖိုခန်းကိုထွက်လာလိုက်သည်။ရေဘူးယူပြီးအပေါ်ထပ်ကိုပြန်တက်လာစဉ် သားနှစ်ယောက်ရဲ့အခန်းကိုသွားကြည့်ဦးမည်ဆိုကာ သူတို့အခန်းဘက်ကိုထွက်လာလိုက်သည်။
YOU ARE READING
Power Of True Love
RomanceSehun & LuHan အချစ်စစ်ရဲ့ စွမ်းအားက ဘယ်လောက်ထိ ကြီးမားနိုင်မလဲ?