👉 💕 နှလုံးသားလေးကို ပုလင်းထဲထည့် ရေစီးနဲ့အတူ မျှောလိုက်တယ် ဖူးစာရှင်ဆယ်ယူပါ 👈
"ဖေဖေ ... ဖေဖေ ဘယ်သွားမှာလဲဟင်... ဖေဖေ သမီးကို ထားမသွားပါနဲ့ ...ဖေဖေ..ဖေဖေ!!!!!!"
အော်သံနဲ့အတူ မျက်ရည်များရွှဲလျက် ဆွိ နိုးလာခဲ့သည်
ဘေးဘီကို ဝဲကြည့်လိုက်တော့ မဲမှောင်နေတဲ့ အခန်း...
နံရံမှာချိတ်ထားတဲ့ ဖေဖေ လို့ ထင်ရတဲ့ ပန်းချီကား တစ်ချပ်.....
မျက်ရည်များ ပြန်ကာ ဝဲတက်လာသော်လည်း ဆွိ လက်ဖျံနှင့် နာနာသုတ်လိုက်လေသည်
့
ဖေဖေ က ဆွိ နဲ့ မေမေ့ ကိုပစ်ပြီး အိမ်ထောင်သစ်ထူသွားပြီပဲ.... ငိုကြွေးတမ်းတနေလို့ရော ဘာထူးမှာလဲ....."ဒေါက် ဒေါက်"
တံခါးသံက ဆွိ ရဲ့အတွေးကို ဖြတ်လိုက်သည်
"ဆွိ အထုတ်တွေ ပြင်ပြီးပြီလား... မေမေ ကိုကောင်းကို ကားပြင် ခိုင်းထားပြီးပြီ... သမီးသွားရင် အဆင်သင့်ပဲနော်""ဟို....မေမေ.... "
"အင်း.."
"ဆွိ....ဆွိ..... ဆွိ ပြင်လိုက်ပါ့မယ်"
"အင်း အင်း... မေမေ မနက်စာ လုပ်ပေးမယ်နော်"
ဟု ပြောကာ အပြုံးလေးနဲ့ အတူ အောက်ထပ်သို့ ဆင်းသွားလေသည်...
ဆွိ တို့အိမ်က ၂ ထပ်အိမ်လေ အရမ်းမချမ်းသာပေမယ့် လူလတ်တန်းစားထက်တော့ ပိုပါတယ်...
ဆွိက ဝါသနာ အရ ပန်းချီဆွဲတယ်.
မေမေ ကတော့ စီးပွားရေး လုပ်တယ်...
ဆွိ မှာ ငယ်ငယ်ကတည်းက ရင်ကျပ် ရောဂါရှိတယ်လေ
အခု ဆွိ အခြေအနေက လေကောင်းလေသန့် ရတဲ့ နေရာကိုသွားရမယ်ဆိုတော့ ဘွားဘွားဆီကို သွားနေရမယ်တဲ့...
အေးလေ ဆွိကလည်း ကိုယ့်ကိုယ်ကို အခန်းထဲ ပိတ်ထားတာကို...
ဒါပေမယ့် ဆွိ မေမေ နဲ့ ဝေးရာကို မသွားချင်ဘူး...
ဒါပေမယ့် လည်း ပြောမထွက်ဘူး... မေမေကတော့ ဆွိကို တောင် လိုက်မပို့ နိုင်ဘူးလေ...."မနက်စာ"..... ဆွိ ရွတ်လိုက်ပြီး နှုတ်ခမ်းလေး လှုပ်ရုံပြုံးလိုက်လေသည်
ဆွိ အတွက် မေမေ ရဲ့လက်ဆောင်ပေါ့နော်
တစ်ခါမှ မပြင်ပေးခဲ့ ဖူးတဲ့ မေမေ ရဲ့ မနက်စာ
ဆွိ အကြိုက်ကိုတောင် မသိတာ... ဆွိ မှာ အလက်ဂျစ်ရှိတာတောင် မသိတာ
ဆွိသောက်နေရတဲ့ ဆေးတွေရဲ့ နာမည်တောင် မသိတာ...
ဆွိ ညတိုင်းအိပ်မက်နေတဲ့ အိမ်မက်ကိုတောင် မသိတာ...
ဆွိ မေမေ တဲ့လား......😅😅
YOU ARE READING
We Called It "Love"
Romance❤အချစ်မှာ ယောကျ်ားမိန်းမခွဲခြားစရာမလိုပါဘူး ချစ်တတ်တဲ့ နှလုံးသားတစ်စုံပဲလိုတယ် 💓