👉❤ အချစ်လို့ရေးရေးလေးမြင်လိုက်တာနဲ့ ကြည်နူးမှုလေးက ကပ်ပါလာတတ်တာမျိုး ❤
ဆွိတစ်ယောက် ဒီနေ့တနေ့လုံး အိမ်မှာပဲနေမည်ဟု ပြောကာ
လာခေါ်သည့် ဟန်နီနဲ့လွန်းကိုမောင်းထုတ်မိလေသည်..
အမှန်တော့ မနက်မိုးလင်းမျက်လုံးပွင့်ကတည်းက ဘယ်အချိန်မျှောလာမည်မှန်းမသိသည့် ပုလင်းလေးကို
မသိမသာတစ်ဖုံ သိသိသာသာတစ်ဖုံ ပြတင်းပေါက်ကနေ စမ်းချောင်းကို လှမ်းချောင်းနေသည်မှာ နေလည်ခင်းအချိန်ကို
ရောက်လုနီးနီးဖြစ်နေပြီဖြစ်သည်..." ဆွိ သမီးရေ နေ့ခင်းထမင်းစားချိန်တောင်ကျော်နေပြီလေကွယ်
ဘာလုပ်နေတာလဲ အခန်းထဲကလဲမထွက်လာဘူး ဟန်နီတို့လာခေါ်တာလဲမလိုက်သွားဘူး နေများမကောင်းဘူးလား"" ဟုတ် လာပြီ ဘွား သမီးနေကောင်းပါတယ်"
" အေးပါကွယ်.. သမီး အဲ့လိုထိုင်းမှိုင်းနေတာ ဘွားမကြိုက်ဘူး
စိတ်ပြေလက်ပျောက်တစ်ခုခုလုပ်နေပါလားကွဲ့""ဟုတ်.. အဲ့ဒါဆို ဘွား သမီးထမင်းစားပြီးရင် စမ်းချောင်းဘေးမှာ
ပန်းချီသွားဆွဲလို့ရမလား""ဪ... ဟုတ်သား ဘွားမြေးက ပန်းချီဆရာမလေးကို သဘာဝ
ရှုခင်း တွေဆွဲချင်ရှာမှာပေါ့ တစ်ခုပဲမြေးရေ တံတားပေါ်တော့မသွားနဲ့
နော် ဟိုတစ်ခါလိုပြုတ်ကျရင်ဆွဲမယ့်သူရှိမှာမဟုတ်ဘူး"" ဟုတ်ကဲ့ပါ ဘွားရဲ့ "
ဘွား ခွင့်ပြုချက်ရသည်နှင့် စမ်းချောင်းဘေးတွင်မြက်ဖျာခင်း
ပန်းချီဆွဲကိရိယာအစုံအလင်ချ ပြီးသည်နှင့် ရေစီးကြောင်းတစ်လျှောက်စမ်းချောင်းကိုသာ လှမ်းမျှော်ကြည့်နေမိသည်...အချိန်ကား ညနေ၃နာရီခွဲနေပြီဖြစ်သည်.. ဆွိလဲ ပုလင်းကိုမျှော်ရင်း
ပန်းချီဆွဲနေသည်မှာ ရုပ်လုံးပင်မပေါ် ဘာမှန်းကိုသေချာမသိ
ဆိုက်ကိုသမားဆွဲထားသည့်နှယ်ဖြစ်နေလေသည်...ထိုအချိန်တွင် ပုလင်းလေးတစ်လုံးမျှောလာသည်ကို လှမ်းတွေ့သည်နှင့် ဆွိတစ်ယောက်ခုန်ပေါက်ကာ ဘေးတွင်အသင့်ချထားသော တုတ်နှင့်ဆယ်ယူလိုက်ပြီး အငမ်းမရ
စာကိုဖွင့်ဖတ်လိုက်တော့သည်....
YOU ARE READING
We Called It "Love"
Romance❤အချစ်မှာ ယောကျ်ားမိန်းမခွဲခြားစရာမလိုပါဘူး ချစ်တတ်တဲ့ နှလုံးသားတစ်စုံပဲလိုတယ် 💓