Part - 2

3.2K 143 5
                                    

👉 ❤ အချစ်ဆိုတာ အရောင်မရှိ အနံ့မရှိ ထိတွေ့လို့မရပေမယ့် ခံစားလို့ရတယ် ❤ 👈

ဆွိ လဲမကျသွား..... သူမ အား လက်တစ်စုံက လမ်းဆွဲလိုက်လေသည်.....

"ရရဲ့လား"
မေးသံကြားသည်နှင့် ဆွိ လှည့်ကြည့်လိုက်လေ၏!

"ဟန်နီ"

အတန်ကြာငေးနေရင်းမှ ဆွိထံမှ စကားသံထွက်လာလေသည်...

"ဆွိတီ...နင် ဆွိတီမလား"

"အင်း ဟုတ်တယ်"

"နင် ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"

"ဒါ ငါ့အဘွားအိမ်လေ နင်ကရော ဒီကို
ဘယ်လိုလုပ်ရောက်တာလဲ"

"ငါက ဟိုးတောင်ကုန်းနားလေးမှာနေတာ... ဒီနားမှာက အိမ်ခြေတွေက ဝေးတယ်လေ တစ်ခုနဲ့တစ်ခု... အဘွားမြ ဆီကို ဧည့်သည်လာမယ်ဆိုလို့ သရက်သီးလာပို့ပေးတာ.."

"ဩော် နင် ဒီကိုပဲ တာဝန်ကျတာလား"

"ဟင့်အင်း... ကျတာကတော့ တစ်ခြားတစ်နေရာကို ဒါပေမယ့် ဒီကိုပဲ ပြောင်းလိုက်တာ"

"ဩော်..... အိမ်ထဲကို ဝင်ရအောင်လေ"

"အင်း"

ဟန်နီ့ကိုမြင်တော့ စိတ်က အတိတ်ဆီကို ပြန်ရောက်မိသား..... အရင်က အရမ်းခင်ဖူးခဲ့တဲ့ သူငယ်ချင်းလေ.. နောက်တော့ သူ့မိဘတွေနဲ့အတူပြောင်းသွားတာ..အခုမှပြန်တွေ့ဖစ်တော့တယ်ဆွိရဲ့ မိန်းမ နဲ့လည်း သူနဲ့က ဘာလိုလိုလေ... အဲ့တာကြောင့် အဲ့မိန်းမလိုက်မလာတာဖြစ်မယ်....

"ဟဲ့ ဆွိ ဘာတွေ တွေးနေတာလဲ"

"ဒီလိုပါပဲ... 😁😁"

"သမီးတို့ အပေါက်ဝမှာ ဘာရပ်လုပ်နေကြတာတုန်း အထဲမဝင်ပဲနဲ့"

အဘွားပြောတော့ ဆွိတို့ ဧည့်ခန်းထဲ ဝင်လိုက်ကြတယ်.. နောက်မှ သတိထားမိတာက အဘွားနဲ့အတူ ဧည့်သည်တစ်ယောက်လဲ ရှိနေတာကို...

"အဘွားမြေးလေ ဟန်နီ ရောက်သွားပေလို့ပဲပေါ့ နို့မို့ဆို ချောင်းထဲ ပြုတ်ကျနေလောက်ပြီ"

"ဟယ် ဘယ်လိုဖြစ်တာလဲ မြေးရယ် အဘွားဆီလာပါဦး"

ဆွိလည်း အဘွားဘေးနားကို ဝင်ထိုင်လိုက်၏
အဘွားဆွိ ဆံပင်လေးတွေကို သပ်ပေး၏...
... ဩော် နွေးထွေးတယ်ဆိုတာ ဒါလား...

We Called It "Love"             Where stories live. Discover now