👉❤ တချိန်ချိန်တော့ နှလုံးသားလေးထဲမှာ မင်းနဲ့ချစ်ခွင့်
ရနိုင်ပါစေသား ❤ဆွိ သတိရလာသည့်အချိန်တွင် ဘေးမှာ ဟန်နီနဲ့လွန်း ရှိနေလေသည်....
" ဆွိ သတိရလာပြီလား ငါ ငါလေ ဟန်နီလေ မှတ်မိလား"
" ဟဲ့ မြန်မာကားတွေ ကျပ်ကျပ်ကြည့်သိလား မမှတ်မိပဲနေမလား
ဒေါ်ဟန်နီရယ်"" ဟယ်.. ဆွိ မိန်းမ နင်ဟာလေ စိတ်ပူလို့ပူမှန်းမသိ ဒါနဲ့နေပါဦး
အဘွားပြောတယ် နင့်ကိုတွေ့တော့ မျက်ရည်တွေနဲ့တဲ့
ဘာဖြစ်တာလဲ "" မျက်လုံးထဲ အမှိုက်ဝင်သွားလို့"
"မိန်းမ ကြည့်ကျပ်ရွှီးသိလား ငါအသက်၆၀ကျော် အဘွားကြီး
မဟုတ်ဘူး"" ဟယ်.. အဘွားကို ပြောချင်တာပေါ့လေ ဒါ ဘွားရေ ဘွားရေ"
"ဟဲ့.. ဟဲ့.. အသံပြဲနဲ့အော်နေတာ သေမလို့လား"
😂😂😂😂
" မမဆွိ က စတတ်နောက်တတ်မှန်း အခုမှသိတော့တယ်""ဟုတ်တယ် လွန်းရေ သူ့လောက်အစအနောက်သန်တာ
သူပဲရှိတယ်""ဟန်နီ... ငါ့ကိုခဏလောက်ဖက်ပေးထားပါလား"
"ဟင်.... အေး အေး လာ အတျဲလေး"
ဆွိ အပျော်အပျက်ပြောနေပေမယ့် ရင်ထဲမှာနာကျင်နေသည်...
ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတာ ဒါမျိုးထင်တယ်
ဘယ်ဘ၀က၀ဠ်ကြွေးကိုဆပ်နေရတာလဲကွာ...ခုလဲ Y အဆင်မပြေဖြစ်တာ ဆွိ ကြောင့်များလား... တွေးရင်း မျက်ရည်များ
ကတစ်လှိမ့်ချင်းဆင်းလာလေသည်... ထိုစဉ်" မြေးရေ မြေးသူငယ်ချင်းတဲ့ အောက်မှာရောက်နေတယ်
လူငယ်လေးတစ်ယောက်ပဲကွယ့် ကောင်းထက်ယံတဲ့""အယ်... ကောင်းတဲ့ဟ"
" အာာာ!!! ငါ ငါ ဘယ်နားပုန်းရမလဲ ပုန်းစရာနေရာရှာပေးပါဦး ဆွိရေ"
"ဒေါ်ဟန်နီရယ် အိနြေ္ဒရရနေစမ်းပါ ဟုတ်ကဲ့ အဘွား ဆွိသူငယ်ချင်း
အပေါ်ကိုလွှတ်ပေးပါလားဟင်"" အေး.... အေး.. မြေး"
" Hello! ! ! ! baby လေးဆွိ နေမကောင်းဘူးဆို ငါအကြားအမြင်ရနေလို့ဖြစ်မယ် မနေ့ကနင့်ဆီအရမ်းလာချင်နေလို့ ထလာခဲ့တာ"
YOU ARE READING
We Called It "Love"
Romance❤အချစ်မှာ ယောကျ်ားမိန်းမခွဲခြားစရာမလိုပါဘူး ချစ်တတ်တဲ့ နှလုံးသားတစ်စုံပဲလိုတယ် 💓