part - 6 (Final part)

3.5K 153 21
                                    

💕  အချစ်မှာ မမြင်နိုင်တဲ့ ခွန်အားတွေ ရှိတယ် 💕

    ဆွိဘ၀မှာ အပျော်ဆုံးခရီးစဉ်တစ်ခုကို
သွားရတာလောက် ဘယ်အရာကများကြည်နူးမှုထပ်ပေးနိုင်ပါ့
တော့မလဲလေ...

🎵 ရင်ခုန်သံများ ချုပ်ထိန်းမရ.. သူ့သိအောင်ဖွင့်ပြောမည်..
ကိုယ့်ဘက်ကအကြင်နာတွေ မင်းသိဖို့လိုပြီ.. ဝေးချင်ရင်ဝေး
ခဏလောက်ဆုံဖြစ်ရင် ကိုယ့်ရဲ့ကမ္ဘာကိုကျေနပ်မည်. 🎼

တိုးတိုးလေး ၀ိုင်းဝိုင်းရဲ့ ဒူးထောက်ပြီသီချင်းလိုက်ညီးရင်း
ရင်ခုန်သံလေးအတိုင်းအဆမရှိကျယ်လောင်ဆူပွက်လာခဲ့
လေသည်... အချစ်က ဤမျှရူးသွပ်စေတာတဲ့လား.....

"မြိုင်သာယာမြို့မှ ကြိုဆိုပါ၏"  ဆိုသည့်ဆိုင်းဘုတ်လေးကို
တွေ့သည့်နှင့်  ပြုံးမိလေသည်....
ဆွိ ရဲ့ နှလုံးသားကို ချာတိတ်မလေးအပိုင်ကိုယူထားနေတာ
ပါလားဟု တွေးရင်းထပ်ဆင့်ကဲအပြုံးက နှလုံးသားထဲက
လှိုက်လှိုက်လှဲလှဲ ကြည်နူးမှုအထပ်တစ်ရာစုပုံထားသလို
နွေးထွေးလှလေသည်....

" ဟော မြေးလေးရောက်လာပြီ လာမယ်ဆိုလို့ အဘွားမျှော်နေတာ"

"ဟုတ် ဘွား နေကောင်းရဲ့လားဘွား ဆွိ ဘွားကိုလွမ်းနေတာ"

ပြောလဲပြော ဘွားကိုဖက်လိုက်ကာ သနပ်ခါးနဲ့စံပယ်ရောယှက်
နေသည့် ဘွားပါးကိုနမ်းလိုက်လေသည်....
" ဒါနဲ့ဘွား ဒေါ်ဟန်နီ မလာဘူးလား"

"မလာဘူး မြေးရဲ့.. . ဟန်နီတောင် မနက်ဖြန်မင်္ဂလာဆွမ်းကျွေးလေ မြေးလာမယ်ဆိုလို့ သူပျော်နေတာ"

"ရှင် ဟန်နီမ ဆွိကိုတောင်မပြောပြဘူးကျန်း"

"အကြောင်းရှိလို့ နေမှာပေါ့ မြေးရယ်"

" ဟုတ် ဘွား"

ဆွိ အိပ်လို့မရပေ... နက်ဖြန်ကိုကြိုရင်ခုန်နေမိသည်... ဟိုဘက်လှိမ့်
လိုက် ဒီဘက်လှိမ့်လိုက်နှင့် တော်တော်နဲ့အိပ်မပျော်တာနဲ့...
ပန်းချီထဆွဲဖြစ်လေသည်....... ဆွိပန်းချီဆွဲပြီးတော့ ည ၁ နာရီ
ထိုးနေပြီဖြစ်သည်.... ဗေဒင်မေးရင်တောင် အဆံကုန်ရုံပဲဖြစ်မည်..
ဆွိဆွဲသည့်ပုံသည် ကျိန်းသေ လွန်းရဲ့ပုံလေးဖြစ်လေသည်...
စမ်းချောင်းဘေးမှာ ပြုံးပြနေသည့်ပုံလေးဖြစ်သည်....

You've reached the end of published parts.

⏰ Last updated: Sep 22 ⏰

Add this story to your Library to get notified about new parts!

We Called It "Love"             Where stories live. Discover now