(Zawgyi)
A/N ; ဒါလေးကို အရင်ဖတ်ပေးပါ xD
စာဖတ်သူဟာ လေးလေးနက်နက်ရှိတာမျိုးကို ဖတ်ချင်တာဆိုရင် ဒီဟာကို မဖတ်ပါနဲ့ …ဒါက စာရေးသူ စိတ်ရူးပေါက်လို့ လျှောက်ရေးထားတာတွေပါ …
Nonsense plot မဖြစ်အောင်တော့ လုပ်ထားပါတယ် … ဒါပေမယ့်Nothing is serious here even though I made some adult tags just for show :3
It's just a comedy story to release some of my stress !!!
(စိတ်ညစ်တာကို စိတ်ညစ်တယ်ထ်ုင်အော်နေရင် ပိုပြီးစိတ်ညစ်လာလို့ အာရုံလွှဲပစ်တာ ပိုအဆင်ပြေတယ်လေ ဟုတ်တယ်ဟုတ် … Yep, I'm really stressed these days >.< )ပြီးတော့ ဟာသမို့လို့ ဟာသအမြင်နဲ့ပဲ ဖတ်ပေးပါ …
ကြိုပြောပါ့မယ် … တချို့အသုံးအနှုန်းတွေအတွက် Body shaming လုပ်တယ် ဘာညာလာမပြောနဲ့ … သတ်မယ် :/****************
အခန်းထဲက ကြမ်းပြင်တွင် အရက်ပုလင်းတွေ ပြန့်ကြဲနေသည်။ ထိုပုလင်းများအလယ်မှာတော့ လုံးလုံးသေးသေး ဆံပင်နီညိုရောင် ဂုတ်ဝဲနဲ့ ကောင်မလေးတစ်ယောက် ခြေပစ်လက်ပစ် ထိုင်ရင်းနဲ့ တစ်ပုလင်းပြီး တစ်ပုလင်း စိတ်ကြိုက်မော့သောက်နေသည်။
"မမလေး သောက်တာတော်ပါတော့လား…"
တန်းစီရပ်နေကြသော ကတုံးပြောင်ပြောင်နဲ့ သေသေသပ်သပ်ဝတ်စားထားကြသော သန်သန်မာမာ လူစုထဲက ထူးဆန်းစွာ ဆံပင်တိုအနက်ရှိသော သူတစ်ယောက်က အသံတုန်တုန်နဲ့ တားလိုက်သည်။
"မတော်နိုင်ဘူး !! ငါ့ Yukio ဆိုတဲ့ကောင်ကို မသတ်ရမချင်း ကျေနပ်မှာမဟုတ်ဘူး!!"
ပြီးတော့ နီရဲနေတဲ့ မျက်နှာနဲ့ ထိုအသံပိုင်ရှင်လူကို မော့ကြည့်ရင်း အရက်ပုလင်းကို သေနတ်လို လုပ်ပြီးချိန်ကာ _
"အေး …Yukioကို သတ်ပြီးတာနဲ့ နင့်အလှည့်ပဲ Peso !! နင့်ရဲ့ခေါင်းကို ကတုံးပြောင်အောင်တုံးပြီးမှ ဘေ့စ်ဘောတုတ်နဲ့ကို ရိုက်ခွဲပြီး ဦးနှောက်ကို ငှက်စာကျွေးပစ်မယ်"
ထိုအခါ Peso ဆိုသူက ပြာပြာသလဲလဲ နဖူးနဲ့ကြမ်းပြင်ကို ထိပြီး တောင်းပန်ရှာသည်။
"မှားသွားပါတယ် မမလေး!!ကျွန်တော် သေလောက်တဲ့အပြစ်ကို ကျူးလွန်မိပါတယ်!!"

YOU ARE READING
He is a fucking mafia's little brother
Ação"အဓမ္မတရားနဲ့ အရာအားလုံးကို အောင်နိုင်တယ်" - Pinky Kitty -