(Zawgyi)
"ကလေး Hyungချိန်းထားတာလေးရှိလို့ ကျောင်းကို Arjushiကိုဘဲ ပို့ခိုင်းလိုက်နော်"
"ဟင် Hyungဘဲ လိုက်ပို့မယ်ဆိုပြီးတော့"
"ညနေကျမှHyungလာကြိုမယ်လေနော် ဒီနေ့တော့Arjushiနဲ့သွားလိုက်ပါ"
"နေဦး တွေ့မဲ့သူက namjaလား yojaလား"
"Yoja Yoja နောက်ကျနေပြီ သွားတော့မယ်နော်"
Yojaတဲ့ Hyungရဲ့ရည်းစားထင်တယ် ဟုတ်လောက်ပါတယ် မနက်စောစောထပြီး အဝတ်အစားတွေရွေးနေတာ မစွတ်စဖူးရေမွှေးတွေတောင်စွတ်သွားသေးတယ်
Hyungအတွက် သူမက ကျွန်တော်ထက် ပိုအရေးပါနေပြီပေါ့ ကျောင်းလိုက်ပို့မယ်ပြောထားပြီး အခုသူမချိန်းတော့ ကျွန်တော့်ကိုထားသွားပြီပေါ့
Tong📩📩📩
လူကကြေကွဲနေပါတယ်ဆိုမှ messageကရောက်လာသေးတယ်
Contactကိုကြည့်တော့ ငဘတ်
အံမယ် အံမယ် လာလာချည်သေးရဲ့ ဘာတဲ့ သူ့အရိုးနဲ့ချိန်းတွေ့မလို့ ကျောင်းမလာတော့ဘူးဆိုဘဲ
လခွမ်း သူမလာတော့ ငါတစ်ယောက်တည်းဖြစ်နေတော့မှာပေါ့ ဟင့်😢 တစ်ယောက်တည်းကျောင်းမတက်ချင်ပါဘူးဆို
ကျောင်းမသွားရင်လည်း Hyungကဆူဦးမှာ ဟင့်😢😢😢
ငဘတ်ကတော့ သူ့အရိုးနဲ့သာယာနေပေမဲ့ ကျွန်တော်ကတော့ ကျောင်းသွားရဦးမဲ့အပြင် Hyungနဲ့လည်းချစ်သူရည်းစားမဟုတ် သြော် ဘဝတွေများကွာခြားလိုက်တာ😢😢
"ကဲ ကလေးတို့ ကျောင်းသားသစ်တစ်ယောက်ရောက်လာတယ် သား နှုတ်ဆက်လိုက်ဦး"
"Annyonghaesaeyo Xiao Luhan mitha ကူညီပေးကြပါဦး"
"သား Kyungsooနားသွားထိုင်လိုက်နော်"
"Nae"
အား ရှုပ်ရှုပ်ရှက်ရှက်ဗျာ သူများနဲ့သွားမထိုင်ချင်လို့မှ တစ်ယောက်တည်း မရရအောင် လိုက်ညှိပြီးထိုင်နေတာကို Samကတော့တကယ်ပါဘဲ