27

4.3K 424 17
                                    

(Zawgyi)

"က​လေး ဒါ​လေးစားလိုက်​ဦး​နော်​"

အ​ငွေ့​တ​ထောင်း​ထောင်းထ​နေတဲ့ ကြက်​သားဆန်​ပြုတ်​​လေးကို က​လေး​ရှေ့ချ​ပေးရင်း.​ပြောလိုက်​​တော့ ​ခေါင်း​လေးသာညိမ့်​ပြလာတဲ့က​လေး

အ​နှောင့်​အယှက်​မ​ပေးချင်​တာနဲ့ မနက်​ဖြန်​​ဆေးရုံဆင်းလို့ရပြီဆို​သော​ကြောင့်​ ပစ္စည်း​လေး​တွေသိမ်း​နေလိုက်​တယ်

"Hyung"

"ဟင်​ က​လေး ဘာလိုချင်​လို့လဲ"

သိမ်းဆည်း​နေတုန်း က​လေး​ခေါ်လိုက်​တာ​ကြောင့်​အမြန်​ဆန်​ဆန်​ဘဲထူးလိုက်​တယ်

"Hyung အဲ့ပစ္စည်း​တွေခဏချပြီး ဒီနားလာခဲ့ဦး"

"အမ်​ ​အေး​အေး"

"Hyung ကျွန်​​တော်​​မေးမဲ့​မေးခွန်း​လေး​တွေ​ဖြေ​ပေးပါလား"

"ဟမ်​"

"ဘာလဲ မ​ဖြေဘူးလား"

"မဟုတ်​တာ ​ဖြေမှာ​ပေါ့ ​မေး​မေး"

"Hyungကျွန်​​တော့်​ကိုအလိုလိုက်​မှာလား"

"အင်း"

"ဟာ ဘယ်​လို​ဖြေ​နေတာလဲ ပြီးပြီး​ရော​ဖြေ​နေတာလား"

"မဟုတ်​ပါဘူး က​လေးကကိုယ်​မထင်​ထားတဲ့​မေးခွန်းကို​မေး​တော့ကိုယ်​​ကြောင်​သွားလို့ပါ"

"​နေဦး အဲ့ဒါလဲ​ပြောရဦးမယ်​ ဘာကိစ္စ ကိုယ်​ ဖြစ်​သွားတာလဲ ဘယ်​သူက ကိုယ်​ လို့သုံးခိုင်းလို့လဲ Hyungလို့ဘဲ​ပြော"

"အင်းပါ ​ကောင်းပါပြီ"

မျက်​နှာငယ်​​လေးနဲ့​ပြောတဲ့ Hyung​ကြောင့်​ သနား​ပေမဲ့ ကျွန်​​တော်​​နောက်​တစ်​ခါ ထပ်​မခံစားနိုင်​ဘူး

"အဲ့ဒါဆို ဆက်​​မေးမယ်​ ကျွန်​​တော်​ဘယ်​​လောက်​ဆိုးဆိုးသည်းခံ​ပေးမှာလား"

"ဒါ​ပေါ့ က​လေးဘယ်​​လောက်​ဆိုးဆိုး ကိုယ်​ ar မှားသွားလို့ Hyungသည်းခံ​ပေးမှာ​ပေါ့ Hyungအ​ပေါ်က​လေးကြိုက်​သ​လောက်​ဆိုးလို့ရတယ်​"

ဒီအ​ဖြေကို​တော့ သ​ဘောကျသွားပြီ

တွေ့တယ်​​နော်​ Reader nimတို့ ကျွန်​​တော့်​Hyungကကျွန်​​တော်​ကို ဘယ်​​လောက်​ဆိုးဆိုးသည်းခံမှာတဲ့​နော်​😌😌😌

Hyung (Zawgyi+Unicode)Where stories live. Discover now