(Zawgyi)
"Kyungsoo ah!!!"
Hyungအပြင်ခဏသွားလိုက်ဦးမယ် ဆိုပြီးထွက်သွားတာကြောင့် ကုတင်ပေါ်မှာ တစ်ယောက်တည်းထိုင်နေတုန်း နာမည်ခေါ်ရင်း ဝင်လာတဲ့သူတွေကြောင့်လှည့်ကြည့်လိုက်တော့
"Yarr Chanyeol ah Baekhyun ah"
"Kyungsoo ah!!"
နာမည်ကိုအော်ကြီးဟစ်ကျယ်အော်ခေါ်ပြီး အသည်းအသန်ဖက်လိုက်တဲ့ Baekhyunကြောင့် လူတောင် အနောက်ယိုင်သွားသေးတယ် ပြီးတော့ ထိုင်ခုံပေါ်ထိုင်ရင်း
"Kyungsoo ah မင်း ဘာလို့ထွက်သွားတာလဲ အနည်းဆုံးငါ့ကိုတော့ပြောသင့်တယ်လေ မင်းမကောင်းဘူးကွာ ဟင့်"
အပြစ်တွေပြောရင်း ငိုနေတဲ့ Baekhyunနဲ့ Baekhyunငိုနေတာကို မျက်ရည်လေးတွေသုတ်ပေးရင်းချော့နေတဲ့ Chanyeolတို့ကိုကြည့်ရင်း Kyungsooပြုံးလိုက်မိတယ်
အချိန်တွေသာကုန်သွားတယ် ဒီChanbaekအတွဲကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးနေကြတာဘဲ
Kyungsoo အရင်တုန်းက Chanbaekအတွဲကိုကြည့်ရင်း သူနဲ့Hyungလည်းအဲ့လိုမျိုးလေးဖြစ်ရင်ကောင်းမှာဆိုပြီး စိတ်ကူးတွေယဉ်ခဲ့ရတယ်
Chanyeolလို Baekhyunအပေါ်မျက်နှာတစ်ချက်အညှိုးမခံအောင် ဂရုစိုက်သလို Hyungလည်းငါ့အပေါ်အဲ့လိုဂရုစိုက်ရင်ကောင်းမှာဘဲဆိုပြီး အတွေးတွေနဲ့စီးမြောခဲ့ရတယ်
"Yarr Byun Baekhyunဘာကိစ္စငိုနေတာလဲ Linerတွေပေပွနေပြီ သရဲကျနေတာဘဲ"
အတွေးထဲစီးမြောနေတုန်း Baekhyunကိုစရင်းအခန်းထဲဝင်လာတဲ့ Sehunနဲ့Luhan လက်ထဲမှာလည်း.ဘာတွေမှန်းမသိဆွဲလာသေးတယ်
"Kyungsoo နေကောင်းတယ်မလား"
Luhanရဲ့အမေးကို ခေါင်းငြိမ့်ပြရင်းသာ ဖြေလိုက်တယ်
"ဒီမှာမင်းအကြိုက် သရက်သီးတွေဝယ်လာတယ်"
"Gomawow မင်းတို့ အခုထိမှတ်မိသေးသားဘဲ"