26

4.3K 417 33
                                    

(Zawgyi)

နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေတဲ့က​လေး​လေး

သေ​သေချာချာ​ပြောရရင်​ ကျွန်​​တော်​ထိုင်​​နေတဲ့ဘက်​ကို ​​ကျော​ပေးပြီးအိပ်​​နေတဲ့က​လေး​လေး ကိုကြည့်​ရင်း ကျွန်​​တော်​ရှိုက်​ကြီးတငင်​ငို​နေမိတယ်

က​လေးနဲ့ကျွန်​​တော်​ကြားဘာ​တွေလွဲကုန်​တာလဲ

ကျွန်​​တော်​ က​လေးကိုဖွင့်​မ​ပြောခဲ့တာကစမှားတာလား

ဒါမှမဟုတ်​ က​လေးကိုလျစ်​လျူရှုခဲ့တာ​တွေကစမှားတာလား

ဒါမှမဟုတ်​ ကျွန်​​တော်​က​လေးကို​မွေးစားခဲ့တာကစမှားတာလား

ဒါမှမဟုတ်​ က​လေးရဲ့ခံစားချက်​​တွေကို ငတုံးတစ်​​ယောက်​လို မသိခဲ့တာက စမှားတာလား

ဒါမှမဟုတ် Seraနဲ့အထင်​လွဲ​နေတာကို မရှင်းပြခဲ့တာက စမှားတာလား

ဘာ​တွေဘယ်​လိုဘဲမှားမှား ပြဿနာအရင်းအမြစ်​က​တော့ ​သေချာပါတယ်​ ကျွန်​​တော့်​ဆီကဘဲ​နေမှာပါ

ကျွန်​​တော်​ ကျွန်​​တော်​အခုဘာလုပ်​ရမလဲ က​လေးက Kim Kyungsoo ဆိုတဲ့ဘဝကိုထပ်​မလိုချင်​​တော့ဘူးတဲ့

ကျွန်​​တော်​နားလည်​ပါတယ်​ က​လေးအဲ့တုန်းကစိတ်​ဒဏ်​ရာ​တွေများခဲ့မှာဘဲ

"က​လေး​လေး Kim Kyungsoo ဆိုတဲ့ဘဝနဲ့ မဟုတ်​ဘဲ Wu Alex​ဆိုတဲ့ဘဝနဲ့ဘဲ ကိုယ့်ဘဝထဲ​လျှောက်​လှမ်းလာလို့ မရဘူးလားဟင်​?"

အဲ့စကားကိုက​လေးအိပ်​​နေတုန်းသာ​ပြောရဲတာပါ နိုး​နေတုန်း​ပြောလိုက်​လို့ငြင်းလိုက်​ရင်​ ကျွန်​​တော်​အဆင်​​ပြေမယ်​မထင်

က​လေးငြင်းလိုက်​ရင်​ဆိုတဲ့အ​ကြောင်းကို​တွေးလိုက်​မိရုံနဲ့တင်​ မျက်​ရည်​​တွေကျ​နေမိပြီ

"Jongin ah"

နာမည်​​ခေါ်ရင်းဝင်​လာတဲ့Samchon

"Samchon"

"က​လေးဘာဖြစ်​တာလဲJongin ah"

"Samchon က​လေး က​လေးမှတ်​မိသွားပြီ"

"​ဟေ ဟုတ်​လား ​ကောင်းတာ​ပေါ့"

"မဟုတ်​ဘူး.မဟုတ်​ဘူး Samchon​တွေး​နေသလိုမဟုတ်​ဘူး"

Hyung (Zawgyi+Unicode)Where stories live. Discover now