(Zawgyi)
Jonginတစ်ယောက် emergency roomရှေ့မှာ ငူငူကြီးထိုင်နေမိတယ်
မျက်စိထဲမှာ သူနေ့လည်ပြန်လာတော့ သူ့အခန်းထဲမှာမေ့လဲနေတဲ့ ကလေးရဲ့ပုံရိပ်ကိုထပ်တလဲလဲမြင်ယောင်နေတယ်
ထို့ပြင် မေ့လဲနေတဲ့ကလေးရဲ့ဘေးမှာ ပွင့်လျက်ရှိနေတဲ့albumကိုတွေ့လိုက်ရတော့ သူ့စိတ်ထဲမှာ ဘာမှန်းမသိ တစ်ခုခုကိုကြောက်ရွံသလိုခံစားနေရတယ်
ငူငူကြီးထိုင်နေတဲ့သူ့ရှေ့ကို လာရပ်တဲ့သူတစ်ယောက်မြင်လိုက်လို့ မော့ကြည့်လိုက်တော့ သူငယ်ချင်းကြီး zi tao
Zi Taoအရင်ကတော့ ပန်ဒါမျက်လုံးနဲ့ ကျောင်းလာတာတောင် နံချပ်ကူကြီးသယ်လာတတ်တဲ့သူက အခုတော့ Seoul Hospitalမှာအများအသက်ကိုကယ်ပေးနေတဲ့ Dr.Zi Taoဖြစ်နေရှာပြီ
ကလေးပျောက်ပြီး ကယောင်ခြောက်ခြားဖြစ်နေတဲ့ ကျွန်တော့်ကို အားပေးခဲ့တဲ့ချစ်သူငယ်ချင်းလေး နေမကောင်းရင်လည်းအချိန်မရွေး အိမ်တိုင်ရာရောက်လာပေးတာကြောင့်အခုဆို Zi Taoက ကျွန်တော်ရဲ့personal doctorဖြစ်နေပြီ
"Jongin ah..."
နာမည်ခေါ်လိုက်မှ အခုမှသတိပြန်လည်လာတဲ့ပုံစံနဲ့
"Tao Tao ah ငါ့ ငါ့ကလေး အခြေအနေကောင်း ကောင်းတယ်မလား"
"Jongin ah သတိထားဦး မင်းကလေးကဘာမှမဖြစ်ဘူး"
"တကယ် တကယ်လား"
"အင်း ဘာမှမဖြစ်ဘူး Shockရသွားလို့ပါ တစ်ခုဘဲ ဟင်း"
ဆက်မပြောဘဲ သက်ပြင်းချလိုက်တဲ့Taoကြောင့် စိတ်ပူသွားတာတော့အမှန်ဘဲ
"ဘာ ဘာဖြစ်လို့လဲ Tao ah"
"ငါကြည့်သလောက်တော့ မင်းကလေးပြန်သတိရတော့မယ်ထင်တယ်"
ခေါင်းကိုမိုးကြိုးပစ်ချလိုက်သလိုဘဲ အပျော်တစ်ဝက် ဝမ်းနည်းတစ်ဝက်ဘဲ
"Jongin ah မင်းဘာတွေတွေးနေလဲငါသိတယ် ဒါပေမဲ့မင်းကလေးမင်းကိုသတိရတော့မယ်လေ မင်းအဲ့ဒါဘဲတွေးပြီးပျော်လိုက်စမ်းပါကွာ"