အပိုင်း - ၈

3.5K 336 37
                                    

ချန်ယော အိပ်ရာထဲမှ ငေါက်ခနဲ လန့်နိုးလာသည်။

နှလုံးခုန်သံကိုကျယ်လောင်စွာ ကြားနေရသလိုလို။ အသက် ပြင်းပြင်းရှိုက်ရှူလိုက်ရင်း ရင်ဘတ်ကို လက်ဖြင့် အသာဖိမိသည်။ အိမ်မက်ထဲမှ အဖြစ်အပျက်များကို တစ်ခုချင်းစီ ပြန်မှတ်မိလာသည်။

ရုပ်သေးရုပ်လေးတွေနှင့် ဆော့ကစားနေသည့် မင်းသားလေး၊ လာဗင်ဒါနံ့သင်းသော အခန်းထဲတွင် ဟိုဂျွန်းနှင့်အတူ စုတ်တံတစ်ချောင်းကို လုနေသော မင်းသားလေး၊ ဟိုဂျွန်းရင်ခွင်ထဲသို့ မျက်နှာအပ်ကာ တသိမ့်သိမ့် ရှိုက်ငိုနေသည့် မင်းသားလေး။ အရာအားလုံး ဦးနှောက်ထဲတွင် သံမှိုစွဲထားသလို မှတ်မိနေသည်။ မင်းသားလေး အခန်းထဲတွင် ရခဲ့သော လာဗင်ဒါပန်းနံ့လေးက အစ ရနေသေးသည်။ ဒီ အတွေးတွေထဲမှ ရုန်းထွက်နိုင်ဖို့ကား ခက်ခဲလှသည်။

စောင်ကို ဖယ်ထုတ်လိုက်ပြီး အသက် ပြင်းပြင်းရှူလိုက်သည်။ မျက်နှာကို လက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်လိုက်သည်။နောက်ဆုံးတွင်တော့ ဟိုဂျွန်းနှင့် အွန်းတို့ရဲ့ ဇာတ်လမ်းကို သေချာ သိလိုက်ရပြီဖြစ်သည်။ သူတို့နှစ်ယောက် ချစ်သူများဖြစ်နိုင်မှန်း ရိပ်မိခဲ့သော်လည်း အခုလို ဟိုဂျွန်းနေရာကို အစအဆုံး ခံစားပေးရတော့ ရင်ထဲတွင် ပြောမပြတတ်သော ဝေဒနာတစ်ရပ်ဖြစ်ပေါ်လာသည်။

ဟိုဂျွန်းက သူ့မှတ်ဉာဏ်များကို အထောက်အကူဖြစ်အောင် ပြခဲ့သည်ဆိုသော်လည်း ဘာမှ မထူးလောက်ဘူးဟု ထင်မိသည်။ ဟိုဂျွန်းတုန်းက မင်းသားလေးသည် နွေးထွေးကြင်နာပြီး ချစ်ဖို့ကောင်းသလောက် ဒီမင်းသားလေးကတော့ မာနခဲလေး။ မောက်လဲမောက်မာသေးသည်။ ကြည့်ရတာ ဟိုဂျွန်းအစား ချန်ယောရောက်လာလို့ မတူညီတဲ့ မင်းသားလေးတစ်ယောက် ဖြစ်သွားတာများလား? ဒါဆိုရင် မသေနိုင်တော့လောက်ဘူးမလား။

စိတ်ညစ်ညစ်နှင့် အသံသဲ့သဲ့ထွက်သည်အထိ ညည်းမိသည်။ ချန်ယော ဟိုဂျွန်းကို ကူညီပေးမယ်လို့ပြောလိုက်တာက မင်းသားလေးအကြောင်းကို သိသည်ဟု ယူဆမိလို့ဖြစ်သည်။ အခုလိုမျိုး မတူညီတဲ့ အခြေအနေတွေ ပေါ်ပေါက်လာမယ်မှန်းသိခဲ့ရင် အဲ့ကတိကို ပေးမိမှာ မဟုတ်။ ကွဲပြားတဲ့ အကြောင်းပြတွေနဲ့သာ မင်းသားလေးသေဆုံးခဲ့ရင် ချန်ယော ကာကွယ်နိုင်စွမ်းမရှိမှာကို တွေးပြီး စိတ်ပူလာမိသည်။

မင်းသားလေးကို ကယ်တင်ခြင်းWhere stories live. Discover now