အပိုင်း - ၁

4.9K 529 11
                                    

"ရုပ်ကလပ်ကလည်း စုတ်ပြတ်နေတာဘဲ"

ချန်ယော ဆယ်ဟွန်းကို မျက်စောင်းတစ်ချက်ကျွေးလိုက်ပြီး 'ေ-ွးမသား၊ -ျီးထုတ်ကောင်' စသဖြင့် တတ်သမျှ မှတ်သမျှတို့ဖြင့် ဆဲရေးလိုက်သည်။ ပြီးနောက် ကျောပိုးအိတ်ကို ဘုန်းခနဲ ပစ်ချလိုက်ပြီး ခြေပစ်လက်ပစ် ဆိုဖာခုံပေါ်ကို ပစ်လှဲလိုက်သည်။

ပုံမှန်နေ့မျိုးသာဆို ဆယ်ဟွန်း လက်မောင်းကို အသာထိုးလိုက်ပြီး ရယ်ရယ်မောမော ပြန်နောက်ပြောင်မိမယ်ဆိုပေမယ့် ဒီနေ့မှာ ချန်ယော စိတ်တွေက မနေ့ညက အိမ်မက်ကိုသာ စိတ်စွဲပြီး ယောက်ယက်ခတ်နေမိတယ်လေ။

အခုချိန်ထိ ချန်ယောအာရုံထဲမှာ မနေ့ညက မြင်ကွင်းတွေကို ထပ်တလဲလဲ ပြန်မြင်ယောင်မိနေဆဲ။ လက်လှလှလေး ကိုင်ထားသည့် သွေးစွန်းနေသော ဓားမြောင်၊ အသက်မဲ့သော ပြူးကြောင်ကြောင် မျက်ဝန်းနက်များ၊ သွေးစိမ်းရှင်ရှင်ပန်းထွက်နေသော ဖြူလွှလွှလည်ပင်း- အားးးး!!! နေ့ခင်းကြောင်တောင်ကြီးကို ဘာတွေလျှောက်မြင်နေရပြန်တာလဲ?!

ချန်ယော သူ့အမြင်အာရုံကို သူမထိန်းချုပ်နိုင်တော့။ မျက်စိစုံမှိတ်ချလိုက်ပြီး အတင်းပျောက်ကွယ်ဖို့ ကြိုးစားတာတောင် အနိဌာန်ရုံမြင်ကွင်းများကို ဆက်ပြီးမြင်နေဆဲ။

လက်တွေစတုန်ချင်လာသလို၊ မျက်ရည်ပူများကြတော့မည့်နှယ် စူးအောင့်လာသည့် မျက်ဝန်းအစုံ။

ချန်ယောရဲ့ စိုးရိမ်ဖွယ်ရာ အမူအရာများကို သတိထားမိသွားသော ဆယ်ဟွန်းသည် သူစားလက်စ ထမင်းပန်းကန်ကို ချက်ချင်း ကြမ်းပေါ်ပစ်ချလိုက်ပြီး ချန်ယောရှေ့ကိုရောက်လာသည်။

"ပြဿနာပဲ။ မင်း-"

ဆယ်ဟွန်းစကားမဆုံးလိုက်သေး။ ချန်ယောက ရုတ်တရတ် နောက်ဆုတ်လိုက်ရာ စားပွဲခုံတစ်ခုနှင့် ကျောနှင့် ဆောင့်မိပြီး အောင့်ခနဲဖြစ်သွားသည်။ သို့သော်လည်း ထိုနာကျင်မှုကို ချန်ယောဂရုမစိုက်အား။ အော်မငိုမအောင်သာ သူ့ပါးစပ်ကို သူ့လက်ဖြင့် ပိတ်ရန် ခဲယဉ်းစွာကြိုးစားနေရသည်။

ချန်ယော အလုပ်ကိုလာမိသည်ကို နောင်တ အကြီးအကျယ်ရမိသည်။ နေမကောင်းလို့ တစ်ရက်လောက်ခွင့်ယူရင် ရမယ်မှန်းသိလျက်နဲ့ ဘာလို့ အလုပ်လာမိတာပါလိမ့်? ဆယ်ဟွန်းကို ဖုန်းဆက်ပြီး ခွင့်တိုင်ခိုင်းရင် ရပါလျက်နဲ့။

မင်းသားလေးကို ကယ်တင်ခြင်းTempat cerita menjadi hidup. Temukan sekarang