AN: This is not my story. This is a mere translation of my favorite Chanbaek fic from AFF.
Original author: table12300
Original book: Saving the 10th PrinceLink>>https://www.asianfanfics.com/story/view/1206445/saving-the-10th-prince-angst-mpreg-baekhyun-chanyeol-baekyeol-chanbaek-historicalau
--------------------------------------------
ကိုယ်ပိုင်ဇာတ်လမ်း မဟုတ်ပါ။ AFF က အရမ်းကြိုက်ရတဲ့ Chanbaek fic ကို Original Author ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်ပေးခြင်းဖြစ်ပါသည်။
တစ်ပိုင်းတစ်ပိုင်း အရမ်းရှည်ပါသည်။
Original author ရေးသလိုသာ ပြန်ရေးပေးမှာမို့ အရှည်ကြီးတွေ ရေးရမှာမို့ update တွေ အရမ်းမြန်နိုင်မှာ မဟုတ်ပါ။
Chanbaek shipper များ သဘောကျလိမ့်မည်ဟု ထင်ပါသည်။ ဒီစာအုပ်ကိုရော Original book ကိုရော Support ပေးနိုင်ကြရန် မျှော်လင့်မိပါသည်။မေတ္တာဖြင့်
Fujoshi6471
--------------------------------------------ချန်ယော ပြေးနေရသည်။
မောဟိုက်ပင်ပန်းနေသလို လက်တွေတဆတ်ဆတ်တုန်နေသည်။ ချန်ယော ပြေးလာရတာ အတော်ကြာပြ်ီဖြစ်သည်။ သူပြေးလာသော လမ်းကြောင်းကိုလည်း ရင်းနှီးပြီးသားဖြစ်သည်။ ဒီနေရာ ဒီလမ်းကြောင်းသည် သူတာဝန်ယူထားရသည့် နေရာဖြစ်သည်။ နံရံကပ်ဆေးရေးပန်းချီတိုင်းကို အလွတ်ရနေသလို ပြတင်းပေါက်တိုင်းကိုလည်း သူမှတ်မိသည်။ မသိဘဲနေမလား။ ဒီနေရာဟာ သူချစ်ရတဲ့ မင်းသားလေးကို အပိုင်စားပေးထားတဲ့နေရာလေ။
သေမတတ် နံရံတွေကို အားပြုကာဆက်ပြေးရင်း မင်းတုံးဖွင့်ထားသည့် သစ်သားတံခါးမကြီးရှေ့ကို သူရောက်လာသည်။ သူအချိန်မှီမှဖြစ်မည်။ မင်းသားလေးကို နည်းနည်းလေးမှ အထိအခိုက်မခံနိုင်ပါ။
သူ့နှလုံးသားသည် လည်ချောင်းဝတွင်တစ်ဆို့နေသလို။ သစ်သားတံခါးကို အားနှင့် တွန်းဖွင့်လိုက်သဖြင့် ဝုန်းခနဲ ဘေးနံရံများကိုပင် ဆောင့်မိသွားသည်။ ဒါပေမဲ့ ချန်ယော အဲ့ဒါတွေကို ဂရုမစိုက်အားပါ။ သူ့မျက်လုံးများသည် သွေးအိုင်ထဲတွင် အတုန်းအရုန်းလဲနေသည့် လူသေအလောင်းများကို ခုန်ပျံကျော်လွှားကာ တစ်စုံတစ်ယောက်ကို အသည်းအသန်ရှာနေမိသည်။ ဟော...တွေ့ပါပြ်ီ။ ရန်သူစစ်သားများ ဝိုင်းရံထားသည့် အလယ်တွင် ရပ်နေသောသူလေး။ ထိုသူကိုမြင်သည်နှင့် ချန်ယောဒူးများ ခွေယိုင်ချင်သွားသည်။
CZYTASZ
မင်းသားလေးကို ကယ်တင်ခြင်း
Fanfictionပတ်ချန်ယော တစ်ယောက် ညတိုင်း ကောင်လေးတစ်ယောက် သူ့လက်ထဲမှာ သေတာကို မြင်ရသလို မနက်ရောက်တိုင်းလည်း မျက်ရည်တွေနှင့် သူမသိတဲ့ နာမည်တစ်ခုကို တဖွဖွတရင်း နိုးလာရတယ်။ "ဝမ်အွန်း" ချန်ယောမှတ်မိသလောက် ဂျိုဆွန်းခေတ်က မင်းသားငယ်လေး တစ်ပါးကို ညတိုင်း အိမ်မက်မက်ဖြစ...