ချန်ယော မင်းသားလေး တံခါးရှေ့ ရပ်စောင့်ရတာ မရေမတွက်နိုင်တော့။
အခုတော့ အကျင့်ဖြစ်သွားပြီ။ မိုးလင်းလို့ ထ၊ အင်္ကျီလဲ၊ ဂျောင်ဆူးချက်ကျွေးတာစား၊ ပြီးရင် အခုလိုမျိုး မင်းသားလေး အခန်းရှေ့ ရင်တမမနဲ့ စောင့်။ ဒါပေမယ့် ဒီတစ်ခါ စိတ်ပူနေရတာက အခြားအကြောင်းရှိသည်။ အခု ညဦးပိုင်း ချဉ်းကပ်လာပြီး ကြယ်တွေတောင် စမြင်နေရပြီ။ လေပြေလေညင်းတွေကအစ အေးစက်စပြုလာပြီ။ ပွဲအခမ်းအနားစတင်တော့မှာနဲ့အညီ ဗုံသံတညံညံဖြစ်နေပြီ။ နန်းတော်တစ်ခုလုံး ဆီမီးတွေနဲ့ ထိန်ထိန်ညီးနေပြီ။ချန်ယော ရပ်နေသည့် နေရာက တံခါးဝကို ကြည့်လျှင် လူရိပ်တွေ မြင်ရသည်။ တစ်သုတ်ပြီးတစ်သုတ် ပျော်မြူးစွာ ဝင်လာနေကြသည်။
သက်ပြင်းချရင်း ချန်ယော တံခါးဆီကို မျက်နှာ ပြန်မူလိုက်သည်။ အွန်းကို ပျော်ပွဲဆီသို့ သူလိုက်ပို့ရမည် မဟုတ်လား။ ဘုရင်ကြီးက တစ်နိုင်ငံလုံးမှာ ရှိတဲ့ မှူးမတ်၊ စစ်သူကြီး၊ သူကြွယ်သူကောင်းမျိုးတွေအားလုံးကို ဖိတ်ကြားထားသည့် ပွဲမို့ ချန်ယော သတိထားရမည်။ ဒီည အွန်းကို မျက်ခြေပြတ်လို့ မဖြစ်ပါ။ ချန်ယော တွေးရင်း စိတ်ပိုညစ်လာသည်။ မင်းသားလေးအွန်းက ဒီညပြီးရင် ချန်ယောကို အမြင်ပိုကပ်တော့မှာဘဲ။
ချန်ယော တံခါးမခေါက်ရဲလို့ တံခါးအပြင်တွင်ဘဲ ရပ်စောင့်နေရသည်။ ဒီညပွဲကို ဝတ်စုံပြည့်ဝတ်ရမည်ဟူသော အမိန့်ကြောင့် ဒူးလောက်ရှည်သည့် ပိုးဝတ်ရုံအမည်း ဝတ်ထားရသည်မှာလည်း ဟိုယားသလိုလို ဒီယားသလိုလို။ အလာဂျီတောင် ထချင်ချင်ဖြစ်နေသည်။ ဝတ်ရုံကို ခါးလောက်တွင် တင်းနေအောင် ခါးပတ်ကြိုးဖြင့် စည်းထားရသည်။ ချန်ယော ဝတ်ရုံအားလုံးသည် ညိုမှိုင်းသော အရောင်များဖြစ်သည်။ ကိုယ်ယောင်ဖျောက်လို့ ကောင်းသည့် အဝတ်မျိုးတွေ ဖြစ်သည်။ ဂျောင်ဆူးပြောပုံအရကတော့ ရှင်းသည်။ ချန်ယောသည် လူကြားထဲ ပွဲထွက်စရာမလို၊ အွန်းရဲ့ အရိပ်အနေနဲ့ အွန်းကို စောင့်ရှောက်ဖို့သာ လိုသည်တဲ့။
အဝေးက ကြားနေရသော ဗုံသံများအရှိန်တက်လာသည်။ ပွဲစတင်တော့မည်။
YOU ARE READING
မင်းသားလေးကို ကယ်တင်ခြင်း
Fanfictionပတ်ချန်ယော တစ်ယောက် ညတိုင်း ကောင်လေးတစ်ယောက် သူ့လက်ထဲမှာ သေတာကို မြင်ရသလို မနက်ရောက်တိုင်းလည်း မျက်ရည်တွေနှင့် သူမသိတဲ့ နာမည်တစ်ခုကို တဖွဖွတရင်း နိုးလာရတယ်။ "ဝမ်အွန်း" ချန်ယောမှတ်မိသလောက် ဂျိုဆွန်းခေတ်က မင်းသားငယ်လေး တစ်ပါးကို ညတိုင်း အိမ်မက်မက်ဖြစ...