Story ❇11❇

5.3K 607 24
                                    

မျက်စိတစ်ဆုံးမြင်နေရသည်က အဆုံးသတ်မရှိသောကောင်းကင်ပြာ ။ လေနှင့်အတူ ရွှေ့လျားနေသော တိမ်အဖြူ စုပ်တို့က ဟိုတစ်စု ဒီတစ်စုဖြင့် ။ ဟိုးခပ်ဝေးဝေးဆီတွင်တော့ ကောင်းကင်အနားစွန်းနှင့်ထိစပ်နေသည့် စိမ်းစိုစိုသစ်ပင်စုထိပ်ဖျားများ ။ အဆုံးသတ်မဟုတ်သော်လည်း အဆုံးသတ်ကဲ့သို့ထင်မြင်ရသည့် မိုးကုပ်စက်ဝိုင်းအဆုံး. .။

အဆုံးသတ် ။ အဆုံးသတ်တဲ့လား ။သက်ပြင်းမောတစ်ချက်ကိုရှိုက်ထုတ်မိသည် ။ ရင်တွင်ဖိစီးသောလေးလံခြင်းက လျော့ပါးသက်သာသည်မရှိ ။

ကျွန်တော်ရောက်နေသည့် တောင်ကုန်းအောက်ခြေမှ ကျောင်းဆီက အချက်ပေးခေါင်းလောင်းသံသဲ့သဲ့ကိုကြားရသည် ။ အချိန်တစ်ချိန်ပြောင်းပြန်ပြီလား ။ ဒါမှမဟုတ် . .။ နေ့လည်ပင်ရောက်ပြီလား ။ ကျွန်တော်ထိုင်နေတာ ဘယ်လောက်များကြာနေခဲ့ပြီလဲ ။

မြင်နေရသော ကျောင်းဆောင်များ၏ ခေါင်မိုးများကိုလှမ်းငေးကာ သူရှိနေမည့်အဆောင်ကို မှန်းဆနေမိသည် ။ ကျောင်းမတက်ပဲ ဒီမှာလာထိုင်နေရသည်ကိုသူသိလျင် ဘယ်လောက်များ စိတ်ဆိုးလိုက်မလဲ ။

'' hyung. . . ကျွန်တော်ဘယ်လိုလုပ်ရမလဲဟင် ''

မမှီနိုင်သည့် တိမ်ဖြူ စုကို လက်ဖျားနှင့်ရွယ်ရင်း တိုးတိတ်စွာတိုင်တည်မိသည် ။ သူ့ကိုကိုယ်စားပြုသည့် အမည်နာမတစ်ခုကိုတမ်းတရုံဖြင့် . . . ။

'' ဒါက ဘယ်သူများလဲ ဟက် Sehun မဟုတ်လား. .''

မြက်ခင်းပြင်မို့အနားရောက်လာသည်အထိခြေသံမကြားခဲ့ရခြင်းဖြစ်မည်ထင်သည် ။ အသံထွက်လာရာဆီ ခေါင်းမော့ကြည့်လိုက်တော့ ။

မရင်းနှီးသည့်မျက်နှာသုံးခုကိုမြင်ရသည်။ ထီမထင်မျက်နှာပေးများဖြင့် ကျောင်းဝတ်စုံကိုနည်းတူဝတ်ထားသော်လည်း ကျောင်းသားနှင့်လားလားမျှမတူသူတို့ ကျွန်တော့်ကိုဝန်းရံကာရပ်နေကြသည် ။

သက်ပြင်းတစ်ချက်ချမိသည် ။ နားအေးပါးအေးနေလို၍လာခဲ့ခြင်းဖြစ်သော်လည်း နေရာရွေးမှားခဲ့ပြီထင်၏ ။ ဤနေရာကိုသဘောကျသောကျောင်းပြေးသူက ကျွန်တော်တစ်ယောက်ထဲဟုတ်ပုံမရပါလား ။

[ဒုတိယ]ကြယ်ပုံပြင်|| HunHan OTP Completed ||Where stories live. Discover now