'' ဝင်ပါခင်ဗျ . . လိုချင်တာရှိရင်မေးလို့ရပါတယ်နော် ''
ဧည့်သည်ဝင်လာသော်လည်း ကြိုဆိုသံမကြားရသဖြင့် မော့ကြည့်မိသည် ။ ဝင်လာသည့်ကောင်လေးကိုပြုံးပြရင်း ။
မုန့်ကောင်တာနောက်မှာ လက်ထောက်ရင်း ခေါင်းငိုက်စိုက်ကျနေသည့် Taeyong အနားကိုကျွန်တော်တိုးကပ်သွားမိသည် ။
'' Taeyong . . ဘာဖြစ်လို့လဲ . . ''
မော့ကြည့်လာသည့် သူ့မျက်နှာပေါ်က မူမမှန်ခြင်းများ ။
'' hyung. . ဟို. . ဟိုလေ. . ကျွန်တော် ဟို ဗိုက် . .အောင့်လို့. . အဲ့ဒါ . . ခဏလောက် နောက်ထဲသွားနေလို့ရလား ''
သူ့နဖူးထက်က ချွေးစီးစို့စို့ကိုသတိထားမိတော့ ကျွန်တော်စိတ်ပူသွားသည် ။ ဘယ်လောက်တောင်ဖြစ်နေလို့ပါလိမ့် ။
'' ဟင် ဗိုက်အောင့်တယ် အရမ်းဆိုးနေလို့လား ဒါဆိုဆေးခန်းသွားလေ ''
'' ဟင့်အင်း မဟုတ်ဘူး ရတယ် Hyung . . ခဏလောက်နားလိုက်ရင်သက်သာသွားလိမ့်မယ် ကျွန်တော်သွားနားမယ်နော်. . ''
'' ဟာ Taeyong ဟေ့ကောင်လေး နားရုံနဲ့ရမလား ဆေးခန်းသွားပါဆို Lee Taeyong. . ''
တကြော်ကြော်မြည်သော ကျွန်တော့်ခေါ်သံကိုလှည့်တောင်မကြည့်ခဲ့ပဲ ။ လှစ်ကနဲနေအောင် နောက်ထဲပြေးဝင်သွားသော သူ ။ ခဏချင်းအတွင်း အရိပ်ပင်မမြင်ရတော့ ။
'' ဒီကောင်လေး ရောဂါကိုမွေးနေတာ ဆေးခန်းသွားပါဆို လူကဖြင့် ချွေးဇောငါးတန်ပြန်နေပြီး. . ''
'' ဟိုလေ. . ''
နောက်ခန်းထဲ သံယောဇဉ်မပြတ်စွာ လည်တဆန့်ဆန့်လုပ်ရင်းကနေ ကောင်တာရှေ့ရောက်လာသော လူကိုကျွန်တော်လှည့်ကြည့်ရသည် ။ ပါးချိုင့်တစ်ဖက်ပေါ်အောင် အားပါးတရပြုံးပြနေသော ကောင်လေး ။
'' ဟုတ်ကဲ့ ဘာလိုချင်လို့လဲဟင်. . ''
မုန့်တွေကိုခါးလေးကိုင်းကာကိုင်းကာရွေးနေသော ပါးဖောင်းဖောင်းမျက်လုံးကြီးကြီးနဲ့ ရှေ့ကကောင်လေးကိုကြည့်ရင်း ဘာရယ်မသိ Taeyong ကိုသတိရနေမိသည် ။
ဒီကောင်လေး ဘယ်လိုဖြစ်ရတာ. . ။
🔹 🔹 🔹 🔹 🔹
![](https://img.wattpad.com/cover/111552316-288-k978454.jpg)
YOU ARE READING
[ဒုတိယ]ကြယ်ပုံပြင်|| HunHan OTP Completed ||
Short Storyကောင်းကင်မှာကြယ်ကလေးတွေမြင်လားချစ်သူ သူတို့တစ်ခုချင်းစီမှာပုံပြင်တစ်ပုဒ်စီရှိကြလေရဲ့ တစ်နေ့မှာ ကိုယ်တို့နှစ်ယောက်အကြောင်းကိုလည်း ကြယ်ပုံပြင်အဖြစ်ကမ္ဗည်းတင်ကြမယ်