Story ❇14❇

5.3K 568 31
                                    

ု'' jun လိပ်စာတစ်ခုပြောပြလိမ့်မယ် . . ညရှစ်နာရီအရောက်သွား စာချုပ်မှာလက်မှတ်ထိုးပြီးယူလာရင်ရပြီ. . ကန်ထရိုက်လုပ်ငန်းတစ်ခုရဲ့စာချုပ်ပဲ sehun တန်ဖိုးကြီးတယ် သေချာလုပ် . . ''

နားထဲတွင်ကြားယောင်လာသည့်စကားတစ်ချို့ ။ တင်းနေသော လည်စီးကိုဖြေလျော့ချင်နေသော်လည်း လေပူတစ်ချက်ကိုမှုတ်ထုတ်ရင်း စိတ်ကိုသာလျော့ချလိုက်ရ၏ ။

'' ကိုယ်စားလှယ်လာမယ်ဆိုလို့ မျှော်လင့်နေတာ ငယ်ငယ်လေးရှိသေးတာပဲ . . သူဌေး Oh ရဲ့အားအကိုးရဆုံးထင်တယ်. . ''

စကားမပြောချင်သည့်အခါ ပါးစပ်ကိုတခုခုနဲ့ဖြည့်ထားသည်ကအကောင်းဆုံးဟုယူဆသဖြင့် ငှဲ့ပေးလာသောအရက်ခွက်ငယ်ကိုသာတရှိန်ထိုးကောက်မော့လိုက်သည် ။

'' JK group ဥက္ကဌကြီးနဲ့စာချုပ်ချုပ်ခွင့်ရတယ်ဆိုတော့
တော်ရုံအခွင့်အရေးလား သူဌေး Oh တို့ဒီတစ်ခါ ဘယ်လိုချက်ကောင်းကိုများရှာတွေ့သွားလို့ ဥက္ကဌကြီးတို့မလှုပ်နိုင်တာပါလိမ့် ဟား ဟား ဟား . . ''

တော်လောက်ပြီဟုယူဆမိ၏ ။ ကျွန်တော်က သည်းခံရခြင်း၌ စိတ်ရှည်တတ်သူမဟုတ် ။ လက်မှတ်လည်းထိုးပြီးနေပြီ ။ စာချုပ်လည်းအပြန်အလှန်လဲလှယ်ပြီးနေပြီ ။ ဒီမျှအထိအချိန်ပိုပေးကာ အရေးမပါသောစကားတွေနဲ့လည်း နားရာဇဝတ်သင့်ခံပြီးပြီ ။

ဒီထက်ပို၍ အရှေ့က အပူပေးလွန်သောချွေးအောင်းပေါက်စီလို ဖြူ လျော်လျော်ပျော့ပြဲပြဲ မန်နေဂျာဆိုသူ၏ ရယ်သံကိုထပ်နားထောင်ရန်အကြောင်းပြချက်မရှိတော့ပါ ။YiXing ကိုသတိပေးသလို တချက်ကြည့်၍ ထိုင်ရာကထသည် ။

'' ကျွန်တော်ဒီလောက်နဲ့ပြန်ပါတော့မယ်. . ''

'' ဟာ ပြန်တော့မလို့လား နေပါဦး အေးအေးဆေးဆေး
ကိုယ်စားလှယ်လေးကိုဧည့်ခံစရာတွေကျန်သေးတယ် ခုထိအကောင်းဆုံးအပိုင်းကိုမရောက်သေးဘူးလေ ဒီဆိုင်က
စားပွဲထိုးခေါင်းဆောင်ကောင်မလေးက ဧည့်ခံတာ သိပ်တော်တာရယ်. . ဟဲ ဟဲ. .''

ပုစဉ်းရင်ကွဲအော်သံလိုပင် နားဝင်ဆိုးလှသော ရယ်သံက အဆုံးမသတ်နိုင် ။ နောက်ဆုံးကျန်ရှိသောသည်းခံစိတ်ကလေးဖြင့် ဦးညွှတ်ကာနှုတ်ဆက်ပြီး ။

[ဒုတိယ]ကြယ်ပုံပြင်|| HunHan OTP Completed ||Where stories live. Discover now