နွေဦးပေါက်မို့ အစိမ်းရင့်မှ ဝါရော်သောအသွေးသို့ပြောင်းစ မြက်ရိုင်းများ . . ခပ်နွေးနွေး တောင်ပြန်လေတို့ တချက်အဝေ့တွင် အညှာမခိုင်သော ရွက်ဟောင်းတို့ကတသည်းသည်းကြွေလျက် . . ။
အနိမ့်အမြင့် အချွန်အတက်တို့ဖြင့် အစီအရီသော အိမ်ခေါင်မိုးနီနီတို့က မျှော်လေရာအရပ်တိုင်းပတ်လည်ဝိုင်းနေသလို . .အရောင်စုံသော သစ်ရွက်တို့ဖြင့်တန်ဆာဆင်သည့် သစ်ပင်မြင့်တို့ကလည်း နေရာတကာ . . ။ တချက်တချက်
မြက်ရိုင်းရွက်ခြောက်တို့၏ အနံ့အသက်နှင့်အတူရောထွေးပါလာတတ်သည့် နွေဦးရနံ့ ။တဖက်ခြံမှ မြင်းဟီသံတချို့ကြားရသည် ။ ခွေးဟောင်သံကလည်းတဆက်တည်း။ ဒီအနီးဝန်းကျင်တဝိုက် ခြံများအားလုံးကမွေးမြူ ရေးလုပ်သည်မို့ အသံစုံကိုနားဆင်ရနိုင်ပါ၏ ။ ဒါတောင်တခြံနှင့်တခြံက ကျယ်ဝန်းဝေးကွာလွန်းနေသေးတာ ။
အခြေခြနေထိုင်သည်က တစ်နှစ်မပြည့်သေးသော်လည်း ဒီနေရာကလေးက အချိန်ကြာမြင့်စွာ ရင်းနှီးခဲ့သည့်မွေးရပ်မြေလိုနွေးထွေးလုံခြုံစေသော ခံစားချက်ကိုပေးစွမ်းနိုင်ပါ၏
ဒါမှမဟုတ် . . . ကျွန်တော်ကပဲ သာမာန်ထက်လွန်ကဲစွာမြတ်နိုးနေမိသည်လား . . သူနှင့်အတူပထမဆုံး ဘဝတစ်ခုဖန်တီးခွင့်ရသည့်နေရာပေမို့ . . ။
ဘာရယ်မသိ ကျွန်တော့်ပါးပြင်နှစ်ဖက် ခပ်ရှိန်းရှိန်းပူသွားသည် . . သူနှင့်အတူ တဲ့ . .
အိမ်တံခါးကိုပြန်ပိတ်ရင်း ကျွန်တော်ခြံထဲသို့ကဲကြည့်လိုက်သည် ။ နီညိုရောင် ရှပ်အကွက် ဂျင်းမွဲစုတ်နှင့် လည်ရှည်ဖိနပ်ညိုတို့ဖြင့် ယာတောပုံသွင်အပြည့်အဝဖမ်းထားသော ထိုလူသားသည် သိုးအုပ်အလယ်၌ လုံးလားထွေးလား ။
'' Hunnie မြန်မြန်လာ ဒီကောင်ကိုခဏခွဲထားပြီးစောင့်ကြည့်ရမယ်တဲ့ လာကူဆွဲပေးဦး . . ''
သိုးတစ်ကောင်နှင့် တပြန်တလဲ ခြေကန်ဆွဲနေသောအသွင်ကို ပြုံးချင်ပေသည့် အိပ်ယာထစက လက်သီးချက်ပင်ဒဏ်မပျယ်သေးခင်နောက်တစ်နာတိုးမည်စိုး၍ ကျွန်တော်နှုတ်ခမ်းများကိုတင်းတင်းစေ့ထားရပါ၏ ။
YOU ARE READING
[ဒုတိယ]ကြယ်ပုံပြင်|| HunHan OTP Completed ||
Short Storyကောင်းကင်မှာကြယ်ကလေးတွေမြင်လားချစ်သူ သူတို့တစ်ခုချင်းစီမှာပုံပြင်တစ်ပုဒ်စီရှိကြလေရဲ့ တစ်နေ့မှာ ကိုယ်တို့နှစ်ယောက်အကြောင်းကိုလည်း ကြယ်ပုံပြင်အဖြစ်ကမ္ဗည်းတင်ကြမယ်