Story ❇19❇

4.4K 478 21
                                    

မျက်လုံးမှအခိုးအငွေ့တို့ထွက်နိုင်သောအစွမ်းသာရှိလျင် .
လက်ထဲက ဓာတ်ပုံသည် ပြာမှုန့်ပင်မကျန်သည်အထိ လောင်ကျွမ်းမည်ထင်ရ၏ ။

ရုပ်သေပုံသွင်အဖြစ်မြင်ရသော သူ့အပြုံးတို့ အခြားတစ်ပါးသောသူကို ဝေမျှစွန့်ကျဲနေသည့်အဖြစ်ကို မြင်ယောင်မှန်းဆမိတော့ နှမြောတသခြင်းဖြင့် ကျွန်တော့်နှလုံးသို့ ဝန်တိုခြင်းအပူမီးတို့ ဟပ်ကာညှိုးလျနွမ်းခွေရလေသည် ။

'' luhan ရဲ့ကိုယ်ရေးကိုယ်တာကိုဝင်စွက်ဖက်ဖို့စိတ်ကူးမရှိပါဘူး ဒါပေမယ့် ဒီတစ်ယောက်ကတော့ သာမန်တိုက်ဆိုင်မှုမျိုးနဲ့ luhan နားကိုရောက်နေတယ်လို့ငါမထင်လို့မင်းကိုပြောပြတာ Sehun သူတို့ရင်းနှီးတာကလည်းမြန်လွန်းတယ် ဒီရက်ပိုင်းအတွင်း luhan နားမှာသူ့ကိုတွေ့တာငါးကြိမ်နဲ့အထက်ပဲ ''

'' ဒီမိန်းမကို ကျွန်တော်တို့သိလား Xing hyung ''

ဓာတ်ပုံမှ မျက်လုံးမခွာပဲမေးမိသည် ။

'' အင်း မျက်နှာစိမ်းတော့ မဟုတ်ဘူး Sehun အစကမမှတ်မိပေမယ့် သူနဲ့အတူလူတစ်ယောက်ကိုတွဲတွေ့လိုက်တော့ငါသတိရသွားတာ . . သူနာမည်က Jessi ငါတို့သူ့ကိုတစ်ခါတွေ့ဖူးတယ်လေ မင်း ဓားထိုးခံခဲ့ရတဲ့ နေ့ကိုမှတ်မိလား . . ငါတို့ Great wall ရဲ့ ကန်ထရိုက်ကိုရခဲ့တဲ့နေ့ . . ''

စိတ်ပျက်စဖွယ်စကားများတတ်သော မန်နေဂျာကိုပြေးမြင်မိ၏ ။ သို့စေကာမူ ဓာတ်ပုံထဲမှ ကျွန်တော့် နှလုံးသည်းပွတ်လို hyung နှင့် အပြုံးဖလှယ်နေသော မိန်းမကိုမူ အရိပ်အယောင်ပင်မှတ်မိခြင်းမရှိ ။

'' အဲ့ဒီနေ့က ငါတို့ စာချုပ်အတွက်ဆုံခဲ့တဲ့ဆိုင်က ဒီမိန်းမပိုင်တာတဲ့ ငါတို့ကိုသူကိုယ်တိုင်ဧည့်ခံခဲ့တာပဲ ဒါပေမယ့် ဒါကအဓိကမကျဘူး . . ''

မျှော်လင့်ထားသည်ထပ်အကျပ်အတည်းကျသော အရိပ်အယောင်တို့ xing hyung ၏ မျက်ဝန်းများတွင်ဖြတ်ပြေးသည် ။

အလိုလိုပင် . . ကျွန်တော့်ရင်သည်လည်း လေးခိုက်၍ လာရပါလေ၏ ။

'' မင်းကိုဓားနဲ့ထိုးခဲ့တဲ့. . jisung. .ဆိုတဲ့ကောင်က . . ဒီမိန်းမရဲ့. . ချစ်သူတဲ့. .''

[ဒုတိယ]ကြယ်ပုံပြင်|| HunHan OTP Completed ||Where stories live. Discover now