ကျွန်တော် သူ့ကိုပွေ့ချီလာပြီးတော့ သွားမိသွားရာ သွားလိုက်တာ့ ကျောင်းဝန်းထဲက အပန်းဖြေတဲ့နေရာ လေးကိုရောက်သွားသည်
သူ့ကိုယ်လေးကို ခုံလေးပေါ်မှာတင်လိုက်တော့ ပိစိက စူပုပ်ပုပ်နဲ့ကြည့်ပြီး ပြောရော
"Grrrဒီမှာ လူကြီးမင်း ကျွန်တော့်ကို မပြောမဆိုပဲ ဘာလို့ပွေ့ချီလာတာလဲ လူကြီးမင်းကြောင့် လူတွေအများကြီး အကြည့်ခံရတယ်"
"Ha ha မင်းပဲခြေထောက်နာနေတယ်ဆို အဲ့တာကြောင့် ကိုယ်ခေါ်လာတာလေ"
"Kim Jonginလူကြီးမင်း ခင်ဗျားဆေးစားမှားထားတာလား စကားပြောသံတွေက အစပြောင်းနေလို့ အဲ့တာကထားပါတော့ ဘာလို့ ကျွန်တော့်ကို ခေါ်လာတာလဲ"
Jongin သူ့ကိုစချင်တာနဲ့ ထိုင်နေတဲ့ သူရှေ့ကို ခါးလေးကိုင်းပြီး သူ့မျက်နှာကို ကြည့်လိုက်တော့ သူ့ကိုပြူးကြည့်ပြီး မျက်နှာလေး အောက်ငုံ့သွားသောပိစိကြောင့် ပြုံးမိသည်
သူလည်း ပိစိကြောင့်ပြုံးရတာခဏခဏပင်
မျက်နှာလေးက အောက်ကိုငုံ့ထားပေမယ့်လည်း ရဲနေသော ပါးလေးနှစ်ဖက်ကိုမြင်ရသည် ကြည့်ရတာ ရှက်နေတာလားမသိ
"Hey ဘာလို့ခေါင်းငုံ့နေတာလဲ ငါမင်းကို ဘာလုပ်လို့လဲ"လို့ မေးမှ ခေါင်းလေးမော့ကာ ပြူးတူးတူးလေး ပြန်ကြည့်လာသည်.
"Hum မသိဘူးလေ လူကြီးမင်းက ငုံ့ကြည့်တော့ကျွန်တော်လည်း မနေတတ်တာနဲ့ ငုံ့ထားလိုက်တာ" ဆိုပြီး ဟန်ဆောင်မှုမရှိဘဲ ပြောတာကိုကြည့်ပြီး Jongin သဘောကျစွာပြုံးမိသည်
Jongin သူက ဟန်ဆောင်မှုတွေထဲမှာ နေနေရတာ တော်တော်ကြာခဲ့ပြီလေ
Jongin ရီလိုက်တာကို kyungsoo က အံ့သြစွာကြည့်ပြီး "လူကြီးမင်း နောက်ဆို တည်တည်ကြီးမနေနဲ့ ပြုံးပြုံးလေးနေ အဲ့တာမှကြည့်ကောင်းတာ" ဆိုပြီး ပြောလိုက်တော့ Jongin တစ်ယောက် ထပ်ရီမိသည်
သူ့ကို ဒီလိုလုပ်ပါလားဆိုပြီး ပြောရဲတဲ့သူ မရှိဘူးလေ
Kyungsoo:"ဘာလို့ကျွန်တော့်ကိုခေါ်လာတာလဲ
Jongin : ဒီမှာလေ မင်းပိုက်ဆံအိတ် ကျန်ခဲ့လို့
Kyungsoo: အာ ဟုတ်သားပဲ ကျွန်တော်ဲ သတိမထားမိလိုက်ဘူး ဟီးဟီး
YOU ARE READING
ကလေး[Z×U]
Romance#Intro ကျွန်တော့်ရင်အုံရဲ့ ဘယ်ဘက်ထောင့်မှာ ပိုင်စိုးပိုင်နင်းနဲ့ သူ့နာမည်ကို ရေးထိုးခဲ့တဲ့ကလေးလေး မှောင်မိုက်နေတဲ့ကျွန့်တော့်ဘဝထဲကို လမင်းလိုလင်းစေခဲ့တယ် သူ့ကြောင့် နေမင်းကြီးတောင် မျက်နှာငယ်လို့ မေးခွန်းထုတ်စရာမလိုဘူး ကျွန်တော် သူ့ကို ချစ်တယ် အသက...