ကလေး(part-11)Z×U

8.9K 625 11
                                    

" Kyung သားလေး ထတော့ ၈ နာရီ ထိုးနေပြီ ကျောင်းသွားဖို့ ပြင်ဆင်တော့လေ"

"Omma သားမထချငိဘူး အိပ်ချင်သေးတယ်"

Kyungsoo ပြောပြီး ဆက်အိပ်ပြန်ပြီ

"Kyungsoo ထတော့ လို့ ကျောင်းနောက်ကျမယ်"

သူ့ omma ပြောမှ အိပ်ချင်မူးတူးနဲ့ထကာ ရေချိုး ခန်းထဲ ဝင်သွားသည်

သူ့omma က အကျီင်္ထုတ်ပေးပြီး စောင့်နေတာ

အတော် ကြာသည်အထိ ထွက်မလာသောကြောင့် ဝင်ကြည့်လိုက်တော့

Kyungsoo သွားတိုက်တံ ကို ပါးစပ်ထဲထည့်ပြီး ဘေစင်ရှေ့တွင် မတ်တပ်ကြီး အိပ်ပျော်နေသညိ

Omma က နောက်က နေ ရိုက်လိုက်မှ လန့်သွားပြီး နိုးလာသည်

"Kyungsoo ၈ နာရီ ခွဲနေပြီနော် ထပ်အိပ်ရင် omma နဲ့တွေမယ်" ..

အဲ့လိုပြောမှ Kyungsoo တစ်ယောက် ကမန်းကတန်းနဲ့ ပြင်ဆင်ပြီး အိမ်ကထွက်လာလိုက်သည်

အိမ်က ထွက်တော့ ၈ နာရီ ၄၅

"Arshi သေတော့မှာပဲ အဲ့တာ ဟိုလူကြီးမင်းကြောင့် အကျ့င့်ကိုမကောင်းဘူး ငါ့နဖူးကို နမ်းသွားလို့ ရင်တွေခုန်ပြီး ညက
တော်တော် နဲ့ အိပ်မပျော်ဘူး တကယ်ပဲ"

စိတ်ထဲကနေ ပြောရင်း ကျောင်းကိုပြေးလာသည်

လမ်းထိပ်လည်း ရောက်တော့ ကားဘေးနားမှာ ရပ်နေတဲ့ ဟိုလူကြီးမင်း

"Hont ရပ်နေတာကို က အမြင်ကပ်စရာ ရိုးရိုး ရပ်တော့ ဘာဖြစ်မှာမို့လို့လဲ"

Jongin ကိုကြည့်လိုက်တော့ ကားကိုမှီ့  လက်ပိုက်ပြီးရပ်နေတာ နေကာမျက်မှန်လည်း ပါသေးတယ်

"Arshi ဒီလောက်နေပူတာလဲ မဟုတ်ပဲနဲ့ ပဲထုတ်နေတာ ဒါနဲ့ ဘာလို့ လာတာလဲ မသိ"

Kyungsoo မသိချင်ယောင်ဆောင်ပြီး ဆက်ပြေးမယ်လုပ်တော့ သူ့ရှေ့မှာ ရပ်လိုက်သော Jongin ကြောင့် သူ့ခေါင်းနဲ့ Jongin ရဲ့ ရင်ဘက် တိုက်မိသွားသည်

"Ahhh "

Kyungsoo စူပုပ်ပုပ်နဲ့ မော့ကြည့်တော့
သူ့ကိုပြုံးပြီး ကြည့်နေသောသူ

"Hk ကျောင်းသွားမှာမလား ကိုယ်လိုက်ပို့ပေးမယ် ကားပေါ်တက်"

ကလေး[Z×U]Where stories live. Discover now