၁ နာရီ......
ကလေး ခွဲစိတ်ခန်းထဲဝင်သွားတာ အခုဆို...၁ နာရီ
ရှိနေပြီပင်....Appa နဲ့ Omma လည်း ခွဲခန်းရှေ့မှာ ထိုင်ကာ
ငိုနေကြသည်...ကျွန်တော်ကတော့ ငိုဖို့ အားပင် မရှိပေ...
ကလေးသာ တစ်ခု ခု ဖြစ်သွားရင် ကျွန်တော် သေမှာ
အကယ်၍ ကလေးသာ တစ်ခုခု ဖြစ်သွားရင် ကျွန်တော်
ကလေးနောက်ကို လိုက်သွားမှာပင်....ခွဲခန်းထဲက ဆရာဝန်များ အပြင်ရောက်လာသောကြောင့်
အခြေ အနေ မေးမြနိးမိသညိ"အကောင်းဆူံး ခွဲစိတ်ခဲ့ပါတယ်
ဒါပေမယ့် လူနာက အားမရှိဘူးဖြစ်နေတယ်
အရေးပေါ်ဖြစ်နေလို့ ခွဲစိတ်လိုက်ရပေမယ့် သူ့ရဲ့
ခံနိုင်ရည် ကို စိုးရိမ်မိတယ်
အားအရမ်းနည်းနေတာကြောင့်
အခု ခွဲစိတ်မှု ဒဏ်ကို ခံနိုင်မယ်လို့ပဲ မျှော်လင့်ထားတယ်အခု လောလောဆယ်တော့ သတိရဦးမှာ မဟုတ်သေးဘူး
ဒီအတောအတွင်း အားပြန်ပြည့်အောင် အားဆေးသွင်း
ပေးထားမယ်
တစ်ခုခု ဆိုရငိ ကျွန်တော်တို့ကို ခေါ်လိုက်ပါ"ဆရာဝန်ရဲ့ စကားအဆုံး JongIn ထိုနေရာမှာပင်
ထိုင်ချမိလိုက်သည်Kyungsoo ရဲ့ မိဘများသည်လည်း ငိုရုံပင် မတတ်နိုင်
~~~~~~~~
အခနိးလေးထဲ မဝင်ခင် "လူနာ Do Kyungsoo
" ဆိုတဲ့ ကပ်ထားသော စာတန်းလေးကို
ကြည့်ပြီး မျက်ရည်များ စီးကျလာသည်ထို့နောက် မျက်ရည်များကို သုတ်ကာ အခန်းထဲ ဝင်လာလိုက်သည်...
ကလေးကို သူ့ရဲ့ ပျော့ညံရဲ့ ပုံစံကို မပြချင်လို့ပေ
"ကလေး... အများကြီး ပင်ပန်းခဲ့မှာပေါ့နော်...
ကိုယ်က ကလေးကို စောင့်ရှောက်မယ် ဆိုပြီး ဒီလို
ပုံစံ ဖြစ်အောင် လုပ်မိတယ်နော်...ကိုယ်တောင်းပန်တယ်နော်... ကလေးနိုးလာရင်
အရာရာအားလုံးကို ကလေးသဘောအတိုင်း
လုပ်ပေးမယ်နော်ကလေးက လက်မထပ်ဘူးဆိုရင်တောင် ကိုယ်... ကလေး
ရဲ့ သဘောအတိုင်း လုပ်ပေးမယ်နော်...
YOU ARE READING
ကလေး[Z×U]
Romance#Intro ကျွန်တော့်ရင်အုံရဲ့ ဘယ်ဘက်ထောင့်မှာ ပိုင်စိုးပိုင်နင်းနဲ့ သူ့နာမည်ကို ရေးထိုးခဲ့တဲ့ကလေးလေး မှောင်မိုက်နေတဲ့ကျွန့်တော့်ဘဝထဲကို လမင်းလိုလင်းစေခဲ့တယ် သူ့ကြောင့် နေမင်းကြီးတောင် မျက်နှာငယ်လို့ မေးခွန်းထုတ်စရာမလိုဘူး ကျွန်တော် သူ့ကို ချစ်တယ် အသက...